ရန်ကုန်မြို့က International School (၁၇) ကျောင်း တက်ရောက်ခဲ့တဲ့ Education Seminar
edge.com.mm
|
2024-02-23

ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးကျောင်းများနှင့် ပတ်သက်သည့် စျေးကွက်အခြေအနေကို အတွင်းကျကျ ပိုမို သိရှိနားလည်စေရန် “ The Yangon International School Industry Review and Networking Seminar " ပွဲကို ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် Vintage Luxury Yacht ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပွဲ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ ဈေးကွက်အကြောင်း နားလည်စေရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ( ISCED Level 1, 2 & 3 ) ဖွင့်လှစ်မှု အခြေအနေများ၊ ကျောင်းသားကျောင်းသူ တက်ရောက်မှု အခြေအနေများ၊ နိုင်ငံတကာ အခြေခံပညာရေး ဈေးကွက်အရွယ်အစားနှင့် လုပ်ငန်းတိုးတက်နိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲရာတွင် အရေးပါသော အချက်အလက်များကို သိရှိနိုင်စေရန် စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အတွေ့အကြုံ နှစ် (၂၀) ရှိ MMRD Business Insight မှ ကြီးမှူး ကျင်းပခဲ့ခြင်း ဖြစ်သည်။ အသေးစိတ်ကို www.mmrdrs.com တွင် လေ့လာနိုင်ပါသည်။

ပွဲတွင် အဓိကအားဖြင့်...

ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်းများ၏ ဈေးကွက်အခြေအနေ သုံးသပ်ချက်များကို တင်ပြခြင်း
မိမိတို့၏ အစီရင်ခံစာအပေါ် တက်ရောက်လာသည့် ကျောင်းများမှ ထင်မြင်ချက်များ ပေးခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း
မြန်မာနိုင်ငံရှိ နိုင်ငံတကာကျောင်းများ၏ အတိတ်ကာနှင့် လက်ရှိကာလ အခြေအနေများ၊အနာဂတ်တွင် ရရှိလာနိုင်သည့် အခွင့်အလမ်းများ၊ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသည့် ကဏ္ဍ စသည့် အပိုင်း (၃) ပိုင်းဖြင့် ကျင်းပခဲ့သည်။ 

ပွဲသို့ ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်း (၁၇) ကျောင်းမှ (၃၅) ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသားပေါင်းများစွာကို အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည့် ဆရာကြီး ဦးနေအုပ်၊ Private International School Assocaition ဥက္ကဌ ဦးရဲထွန်း၊ NELC ကျောင်း တည်ထောင်သူ Mr. Nelson Wheel, British Council မှ ဦးစည်သူအောင်နှင့် MMRD Chairman ဦးမိုးကျော်တို့၏ ဆွေးနွေး ဟောပြောချက်များကို နားထောင်ခဲ့ကြကာ မေးခွန်းများလည်း မေးမြန်းခဲ့ကြသည်။

ပွဲတက်ရောက်ခဲ့သည့် ကျောင်းများအနေဖြင့် ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ ဈေးကွက်အခြေအနေများကို သိရှိနားလည်ပြီး လုပ်ငန်းတိုးတက်နိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲရာတွင် အရေးပါသော အချက်အလက်များကို ရရှိခဲ့သည့်အပြင် ဈေးကွက်အလားအလာ ရှိနိုင်သည့် ကျောင်းများကို သိရှိပြီး တခြားသော ကျောင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ပြီး အတွေ့အကြုံနှင့် အမြင်များ မျှဝေနိုင်ခဲ့သည်။









Some text some message..