ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ အချိန်ပိုင်းသင်တန်း
edge.com.mm
|
2024-05-13

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို ဇွန်လပထမပတ်မှစ၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်း သိရပါသည်။ 

အဆိုပါသင်တန်းကို Grade (9) အောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ဇွန်လ (၃) ရက်နေ့၊ တနင်္လာနေ့ဖြစ်ပြီး သင်တန်းကာလမှာ (၃) လကြာမြင့်ပါမည်။ သင်တန်းအချိန်သည် မနက်ပိုင်း (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး သင်တန်းကြေးကတော့ ၃ လပေါင်းကို တစ်သိန်းကျပ် သွင်းရပါမည်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိပါမည်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၅၀၁၃၈၇၁၊ ၀၉-၉၆၄၀၉၆၂၁၁ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်ပါသည်။  









Some text some message..