
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာအင်ဂျင်နီယာ (ကွန်ပျူတာသိပ္ပံ) - ME (Computer Science) ဘွဲ့သင်တန်းကို ဇွန်လ (၂၅) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါမဟာဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး မဟာဘွဲ့အကြိုသင်တန်း (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၁) နှစ်၊ စုစုပေါင်း (၂) နှစ်သင်တန်းဖြစ်ပါသည်။
လျှောက်ထားနိုင်သည့်သူများ
==============
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ အင်ဂျင်နီယာဘွဲ့ (ဂုဏ်ထူးတန်း) ရရှိထားသူများ၊
- မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပေးအပ်သော B.C.Tech နှင့် B.C.Sc ဘွဲ့များ ရရှိထားသူများ
- မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များမှ ပေးအပ်သော B.E.(Information Technology)၊ B.E.(Computer Engineering) နှင့် B.E.(Information Science & Technology) ဘွဲ့များ ရရှိထားသူများ
- လျှောက်ထားသူနှင့် မိဘ (၂) ပါး၊ (၃) ဦးစလုံး မြန်မာနိုင်ငံသားဖြစ်သူ
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ရရှိထားသူများ
- သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်ပြီး သင်တန်းစည်းကမ်းချက်များ လိုက်နာနိုင်သူများ လျှောက်ထားနိုင်ပါသည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝက်ဘ်ဆိုက်ဒ်
www.miit.edu.mm
လျှောက်ထားသူများသည် လျှောက်လွှာနှင့်တကွ -
- ဘွဲ့လက်မှတ် (မူရင်းနှင့် မိတ္တူ)
- အမှတ်စာရင်း (မူရင်းနှင့် မိတ္တူ)
- ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ
- လျှောက်ထားသူနှင့် မိဘ (၂) ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့် မိတ္တူ)
- အကျင့်စရိတ္တကောင်းမွန်ကြောင်း မြို့နယ်ရဲစခန်းမှ ထောက်ခံစာမူရင်းတို့ကိုပါ တစ်ပါတည်း ပူးတွဲတင်ပြရပါမည်။
အခြားပြင်ပ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ ဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအစီအစဉ်အတိုင်း ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဖြေဆိုကြရမည်ဖြစ်သည်။
၁။ ၂၀.၆.၂၀၂၄ (ကြာသပတေးနေ့) - အင်္ဂလိပ်စာ - ၉ နာရီမှ ၁၁ နာရီအထိ (Paper Based)
၂။ ၂၁.၆.၂၀၂၄ (သောကြာနေ့) - သက်ဆိုင်ရာဘာသာရပ် - ၉ နာရီမှ ၁၁ နာရီအထိ (L.M.S Computer Based & Paper Based)
ဝင်ခွင့်ဖြေဆိုရမည့် ခုံအမှတ်များကို မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကြော်ငြာသင်ပုန်းတွင် ကြေညာပေးမည်ဖြစ်ပြီး ၁၉.၆.၂၀၂၄ ရက်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အဆိုပါကျောင်းတွင် ထုတ်ယူနိုင်ပါသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မပါရှိပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် လုံး၀ ရရှိမည်မဟုတ်ပါ။
ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ၂၄.၆.၂၀၂၄ ရက်နေ့ (တနင်္လာနေ့) တွင် ကျောင်း၏ ကြော်ငြာသင်ပုန်းနှင့် တက္ကသိုလ်ဝက်ဘ်ဆိုက်ဒ်
www.miit.edu.mm
အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက တယ်လီဖုန်းနံပါတ် - ၀၉-၇၈၅၅၅၇၇၀၆ နှင့် ၀၉-၇၈၅၅၅၇၇၀၉ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။