မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ဖွင့်လှစ်မည့် ရုံးချိန်လွတ် အွန်လိုင်း မဟာဘွဲ့သင်တန်း (၂) ခု
edge.com.mm
|
2024-06-13

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့သင်တန်း (MBF) နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevs) သင်တန်းများကို အွန်လိုင်းမှတဆင့် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။  

၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် အောက်ပါ မဟာဘွဲ့သင်တန်းများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ ထုတ်ယူပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။   

- ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့သင်တန်း (MBF) 

- ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevs)

အဆိုပါ ဘွဲ့သင်တန်းများအတွက် အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်း တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူ ဖြစ်ရမည်။
သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်လက်မှတ် ပါရှိရမည်။
သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။
MBF သင်တန်းအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေအကြုံလုပ်သက် အနည်းဆုံး (၂) နှစ်ရှိရပါမည်။ 

သင်တန်းအား (Online) စနစ်ဖြင့် သင်ကြားမည်ဖြစ်ပါ၍ ကွန်ပျူတာ တက်မြောက်ကျွမ်းကျင်ပြီး Google Classroom နှင့် Zoom Application များအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

သင်တန်းလျှောက်ထားသူများအနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ပြီး ရေးဖြေ စာမေးပွဲတွင် အဆင့်မှီသူများအား လူတွေ့ စစ်ဆေး ရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံမည်ဖြစ်သည်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ 

သင်တန်းတက်ရောက်ရမည့် အချိန်ဇယားမှာ အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ဖြစ်ကာ သင်တန်းကာလမှာ (၂) နှစ်ကြာ တက်ရောက်ရမည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

(က) မိတ္ထီလာစီးပွားရေးတက္ကသိုလ်

ဌာနမှူး၊ သင်တန်းရေးရာဌာန

ဖုန်း ၀၉-၂၅၆၁၅၅၅၉၀

 
(ခ) မိတ္ထီလာစီးပွားရေးတက္ကသိုလ်

မော်ကွန်းထိန်း၊ သင်တန်းရေးရာဌာန

ဖုန်း ၀၉-၇၆၈၆၆၃၈၉၈









Some text some message..