ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ဖွင့်လှစ်မယ့် Business ဒီပလိုမာသင်တန်း
edge.com.mm
|
2024-07-10

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ဦးစီး၍ Post Graduate Diploma in Business (PGDB) သင်တန်းကို Online ဖြင့် သင်ကြားပို့ချမည်ဖြစ်ပါသည်။ Online Registration ဖြစ်သည့်အတွက် နယ်ဝေးမှ တက်ရောက်လိုသူများလည်း လျှောက်ထားနိုင်ပါသည်။ 

အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အောက်ပါအရည်အချင်း များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

- သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင်

- ပြင်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်သည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ဖြစ်ပြီး သင်တန်းကာလမှာ (၁၀) လ ကြာမြင့်မည်ဖြစ်ပါသည်။ 

သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏

https:// eco.hrd.yude.edu.mm website သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါ Register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး Online Registration အောင်မြင်သူများအား Email မှတဆင့် အကြောင်းကြားပေးပါမည်။ 

သင်တန်းနှင့်ပတ်သက်၍ ဖုန်း- ၀၁-၇၅၂၅၈၂၄၊ ၀၉-၂၅၀၁၅၂၅၀၁ တို့သို့ ရုံးချိန်အတွင်း အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာ ဌာန၊ သထုံလမ်းသို့ ဆက်သွယ်နိုင်ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ပထမနှစ်သင်တန်းများ

>> 

https://www.edge.com.mm/article/university-of-arts-and-culture.html?







Some text some message..