GED ကို Self-Study လေ့လာနိုင်သည့် Youtube Channel (၅) ခု
edge.com.mm
|
2024-07-26

အခုနောက်ပိုင်းမှာ GED က အထက်တန်းကျောင်း ပညာရေးနယ်ပယ်မှာ အလွန်ခေတ်စားလာတဲ့ ပညာရေးတစ်ခု ဖြစ်လာပါတယ်။ များသောအားဖြင့် အစိုးရပညာရေးကို အထက်တန်းကျောင်းအဆင့်မှာ အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်လိုက်ရသူများ၊ နိုင်ငံခြားမှာ ကျောင်းဆက်တတ်ဖို့ ပြင်ဆင်နေကြသူများက GED ဆိုတဲ့ General Education Development ကို High School Diploma အနေနဲ့ ရွေးချယ်လာကြပါတယ်။

အလွယ်ပြောရရင်တော့ GED ဆိုတာ မြန်မာနိုင်ငံမှာဆိုရင် အထက်တန်းမပြီးဆုံးသေးတဲ့ ကျောင်းသား / ကျောင်းသူများအနေနဲ့ အစားထိုးဖြေဆိုနိုင်တဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပညာရေးလက်မှတ် တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ GED အကြောင်း အသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

GED အကြောင်း အသေးစိတ်နှင့် GED တက်ရောက်နိုင်သည့်ကျောင်းများ စုစည်းမှု



https://www.edge.com.mm/article/ged အခုပြောပြပေးမှာကတော့ GED နဲ့ပတ်သက်ပြီး ကိုယ်တိုင် Self-Study လုပ်နိုင်မယ့် Youtube Channel လေးတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ ဆက်လက် ဖော်ပြပေးထားပါတယ်။

၁။ Khan Academy 

၂၀၀၈  ခုနှစ်မှာ စတင်ဖန်တီးခဲ့တဲ့ အမေရိကန်နိုင်ငံက အကျိုးအမြတ် မယူသော ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့် အွန်လိုင်းပညာရေး ချန်နယ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။ ဒီမှာဆိုလည်း GED နဲ့ ပတ်သက်တာတွေကို ကိုယ်တိုင် လေ့လာနိုင်ပါတယ်။ 

Link >

https://www.youtube.com/@khanacademy ၂။ Light & Salt Learning

GED ကျောင်းသားများအတွက် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ပြီး လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်အားလုံးကို ပံ့ပိုးပေးနေတဲ့ ချန်နယ်တစ်ခု ဖြစ်ပါတယ်။ 

Link >

https://www.youtube.com/@Lightandsaltlearning အမျိုးမျိုးသော အက္ခရာသင်္ချာရဲ့ ဂဏန်းအခြေခံ သဘောတရားများကို ရှင်းပြပြီး အခေါ်အဝေါ်များနဲ့ ပုစ္ဆာသဘောတရားများကို ပြန်လည် သုံးသပ် ရှင်းလင်း ဖော်ပြပေးတဲ့ ဗီဒီယိုများစွာကို တင်ဆက်ပေးနေတဲ့ ချန်နယ်ကောင်းတစ်ခုဖြစ်တဲ့အတွက် GED သမားတွေအတွက် အလွန် အကျိုးရှိစေမှာပါ။

Link >

https://youtube.com/@UltimateAlgebra ၄။ GED Testing Service

GED ဖြေဆိုမည့်သူများ သိကိုသိထားရမယ့် ချန်နယ်တစ်ခု ဖြစ်ပါတယ်။ GEDနဲ့ ပတ်သက်တဲ့ အလုံးစုံသော အကြောင်းအရာ ဘာသာရပ်အားလုံးကို တစ်နေရာတည်းမှာ အပြည့်အစုံ လေ့လာနိုင်မှာပါ။

Link >

https://youtube.com/@GEDTestingService ၅။ Test Prep Champions 

GED စာမေးပွဲနဲ့ ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အစမ်းစာမေးပွဲတွေကို ဖြေဆိုကြည့်လို့ရသလို မေးခွန်းတွေကိုလည်း လေ့လာလို့ရပါတယ်။ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေ၊ အမှတ်ပေးစည်းမျဥ်းတွေ သဘောတရားတွေကို ပြည့်ပြည့်စုံစုံ တင်ပေးထားတာမို့ တော်တော်လေး အသုံးဝင်မယ့် ချန်နယ်လို့ ပြောလို့ရပါတယ်။

Link >

https://youtube.com/@TestPrepChampions ဒါဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့ Channel (၅) ခုက GED စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေ အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 





Some text some message..