အာရှနိုင်ငံများရှိ စျေးအသက်အသာဆုံး တက္ကသိုလ် (၁၀) ခု
edge.com.mm
|
2024-07-30

မြန်မာနိုင်ငံရှိ ကျောင်းသားအများစုသည် နိုင်ငံခြားသို့ ပညာတော်သင်သွားသည့်အခါ မြန်မာနိုင်ငံနှင့် နီးစပ်ပြီး ကုန်ကျစရိတ်သက်သာသည့် အာရှနိုင်ငံများကို ရွေးချယ်ကြပါသည်။ လက်ရှိပညာရေးကဏ္ဍတွင်လည်း အာရှတက္ကသိုလ်များသည် ကမ္ဘာ့အမြင့်ဆုံး တက္ကသိုလ်အဆင့်တွင် ပါဝင်လာနိုင်ခဲ့ပါသည်။ 


ထို့အပြင် ဘွဲ့ကြို၊ ဘွဲ့လွန်၊ သုတေသန စကော်လာရှစ်ပရိုဂရမ်များစွာကို ချီးမြှင့်ပေးအပ်ခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ် နှစ်ခုစလုံးသည် အဆင့်မြင့်ပညာရေးတွင် အပြင်းအထန် ရင်းနှီးမြှုပ်နှံလာကြပါသည်။ 


ထို့ကြောင့် မြန်မာကျောင်းသားများ အရွေးများသည့် အာရှနိုင်ငံများရှိ တက္ကသိုလ်များအနက် ကျူရှင်ခသက်သာပြီး ကျော်ကြားသည့် တက္ကသိုလ် (၁၀) ခုအကြောင်းကို မျှဝေပေးလိုက်ပါသည်။ အောက်တွင် ဖော်ပြထားသည့် ကျူရှင်ခများသည် ပျှမ်းမျှသာဖြစ်ပြီး Bachelor Program များအတွက်သာ အကျုံးဝင်ပါသည်။ 

၁။ 

National University of Singapore , Singapore NUS (National University of Singapore) သည် သင်ကြားရေးနှင့် သုတေသနအတွက် နာမည်ကောင်းရထားသည့် စင်္ကာပူနိုင်ငံ၏ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၈၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သည့် NUS သည် ၂၀၂၄ ခုနှစ် QS World Ranking အရ ကမ္ဘာတက္ကသိုလ်အဆင့် နံပါတ် (၈) နေရာတွင် ရပ်တည်နေပါသည်။ Kent Ridge၊ Bukit Timah နှင့် Outram တို့တွင် NUS ၏ Campus (၃) ခုကို အသီးသီး တွေ့နိုင်ပြီး သုတေသနစင်တာ ၃၀ ခုနှင့်အတူ ဘာသာရပ်ဌာန ၁၇ ခုရှိပါသည်။ NUS တွင် ဘွဲ့ကြိုပရိုဂရမ် ၆၇ ခုနှင့် ဘွဲ့လွန်ပရိုဂရမ် ၂၁၆ ခု ရွေးချယ်စရာ ရှိပါသည်။ 

Tution Fees - SGD 19,950 - SGD 66,150 per year

၂။

Hankuk University, Seoul South Korea တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး Hankuk တက္ကသိုလ်သည် ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက သုတေသန တက္ကသိုလ်တစ်ခုဖြစ်သည်။ အဆိုပါ တက္ကသိုလ်သည် တောင်ကိုရီးယားရှိ အကောင်းဆုံး ပုဂ္ဂလိက သုတေသန တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံထားရသည့်အပြင် နိုင်ငံခြားဘာသာစကား ၄၅ မျိုးကို သင်ကြားပေးနေသည့်အတွက် ကိုရီးယားတွင် နံပါတ်တစ် ကမ္ဘာ့တက္ကသိုလ်အဖြစ် ရပ်တည်နေပါသည်။ လက်ရှိတွင် လူသားပညာ၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေးနှင့် ကွန်ပျူတာသိပ္ပံဘာသာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါသည်။ 

Tution Fees - 7,694,000 KRW - 9,658,000 KRW per annual 
 

၃။

Shanghai University, Shanghai  China အများအားဖြင့် SHU ဟု လူသိများကြသည့် Shanghai တက္ကသိုလ်သည် အစိုးပိုင် သုတေသနတက္ကသိုလ်အဖြစ် ၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ များကြာလာသည်နှင့်အမျှ အဆိုပါတက္ကသိုလ်သည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ထိပ်တန်းသုတေသနတက္ကသိုလ်တစ်ခုအဖြစ် နာမည်ကောင်းရရှိခဲ့သည်။ Shanghai တက္ကသိုလ်တွင် အင်ဂျင်နီယာ၊ သိပ္ပံ၊ လစ်ဘရယ်အနုပညာ၊ အနုပညာ၊ ဥပဒေ၊ သမိုင်း၊ စီမံခန့်ခွဲမှုနှင့် စီးပွားရေးစသည့် ရွေးချယ်စရာ Course Program များစွာ ရှိပါသည်။ 

Tution Fees - 21,000 - 39,000 RMB per annual 
 

၄။

Siam University, Thailand Siam University သည် ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အကျိုးအမြတ်မယူသော ပုဂ္ဂလိက အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘန်ကောက်မြို့ပြတွင် တည်ရှိသည်။ အဆိုပါတက္ကသိုလ်အား ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာ၊ သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် သိပ္ပံပညာဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားပါသည်။ Siam တက္ကသိုလ်တွင် စီးပွားစီမံ၊ အင်ဂျင်နီယာ၊ အိုင်တီ၊ ဆေးပညာ၊ ဥပဒေ၊ ဟိုတယ်နှင့်ခရီးသွား၊ နိုင်ငံရေးသိပ္ပံ စသည်တို့အပါအဝင် မေဂျာဌာနပေါင်း (၁၃) ခု ရှိပါသည်။ 

Tution Fees - 12,000 THB per course
 

၅။

Shih Chien University, Taiwan Shih Chien University သည် ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိကပိုင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်၊ Shih Chien University ၏ ဒီဇိုင်းဌာနသည် Ranker အရ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ဒီဇိုင်းကျောင်း ၃၀ တွင် တစ်ခုအဖြစ် ပါဝင်အသိအမှတ်ပြုခံခဲ့ရသည်။ တက္ကသိုလ်သည် College of Human Ecology, the College of Design and the College of Management, College of Business and Information, College of Culture and Creativity တို့ဖြင့် ဖွဲ့စည်းထားသည်။ တက္ကသိုလ်သည် Taipei နှင့် Kaohsiung တို့တွင် Campus တစ်ခုစီရှိပြီး ဆရာနှင့် ဝန်ထမ်းပေါင်း ၇၀၀ ဖြင့် လည်ပတ်နေပါသည်။ 

Tution Fees - TWD 50,000 - TWD 60,000 per semester
 

၆။

Udayana University, Indonesia ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Udayana University သည် ၎င်း၏ကျောင်းခွဲ ၃ ခုနှင့် ဘာသာရပ်ဌာန ၁၁ ခုနှင့်အတူ Bali ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်ပြီး နာမည်ကြီးသည့် အစိုးရကျောင်းလည်းဖြစ်သည်။ တက္ကသိုလ်သည် ဘွဲ့ကြိုလက်မှတ်/ဒီပလိုမာများ၊ တွဲဖက်ဒီဂရီများ၊ ဘွဲ့ဒီဂရီများ၊ မာစတာဒီဂရီများ၊ ပါရဂူဘွဲ့များကဲ့သို့သော တရားဝင်အသိအမှတ်ပြု အဆင့်မြင့်ပညာရေးဒီဂရီများဆီသို့ ဦးတည်သော သင်တန်းများနှင့် ပရိုဂရမ်များကို ပံ့ပိုးပေးပါသည်။ ထိုတက္ကသိုလ်တွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ ဥပဒေ၊ သိပ္ပံ၊ ဆေးပညာတို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များလည်း ရွေးချယ်နိုင်သည်။ 

Tution Fees - IDR 6,000,000 to IDR 12,000,000 per semester
 

၇။

Kasetsart University, Thailand ၁၉၄၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Kasetsart University သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ရှိပြီး အစိုးရပိုင် သုတေသန တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တတိယမြောက် ရှေးအကျဆုံးနှင့် အကောင်းဆုံးတက္ကသိုလ်အဖြစ် မှတ်တမ်းဝင်ထားပါသည်။ KU တွင် ဘွဲ့ကြိုအတွက် ပရိုဂရမ် ၁၂၅ ခု၊ မာစတာပရိုဂရမ် ၁၃၉ ခုနှင့်  ပါရဂူဘွဲ့အတွက် ပရိုဂရမ် ၅၃ ခု ရွေးချယ်စရာရှိပါသည်။ ဘန်ကောက်မြို့လယ်တွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို လေ့လာနိုင်မည်ဖြစ်သည်။ 

Tution Fees - 140,000 THB - 200,000 THB per year
 

၈။

Undiknas University, Indonesia Undiknas တက္ကသိုလ်ကို 1969 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပြည်နယ်၊ ဒန်ပါဆာမြို့တွင် တည်ရှိသော လှပသော ကိုယ်ပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ သည် စီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ ဥပဒေလေ့လာမှု၊ ဆက်သွယ်ရေးလေ့လာမှု၊ ပြည်နယ်အုပ်ချုပ်ရေး၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာစသည့် မတူညီသော ပညာရပ်ဆိုင်ရာ ပရိုဂရမ်များစွာကို ပံ့ပိုးပေးပါသည်။ တက္ကသိုလ်တွင် စီမံခန့်ခွဲမှုပညာရပ်နှင့် ပတ်သက်ပြီး ပါရဂူပရိုဂရမ်လည်း ရှိသည်။ Undiknas သည် Vistula University၊ Yasar University၊ Mahidol University ၊ Murdoch University တို့နှင့်လည်း မိတ်ဖက်တက္ကသိုလ်ဖြစ်သည်။ 

Tution Fees - IDR 30,000,000 - IDR 50,000,000 per year 
 

၉။

University of Putra, Malaysia QS World University Rankings အရ တက္ကသိုလ်သည် အာရှတိုက်တွင် အကောင်းဆုံး တက္ကသိုလ်အဆင့် ၃၃ တွင် ရပ်တည်နေပြီး မလေးရှားနိုင်ငံ၏ ထိပ်တန်းသုတေသနတက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရပါသည်။ တက္ကသိုလ်တွင် စိုက်ပျိုးရေး၊ အိုင်တီ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ဆေးပညာ၊ ပညာရေး၊ အစားအသောက်သိပ္ပံနှင့်နည်းပညာ၊ သစ်တောပညာ၊ ဒီဇိုင်းနှင့်၊ ဗိသုကာ၊ လူမှုရေးသိပ္ပံနှင့် ဘာစကား စသည့်ပရိုဂရမ်များ များစွာရှိပါသည်။ UPM သည် ဘွဲ့ကြို၊ မာစတာနှင့် ပါရဂူ ပရိုဂရမ်များကို အဆိုပါ ဘာသာရပ်များတွင် ပံ့ပိုးပေးလျက်ရှိသောကြောင့် ဘာသာရပ်အထူးပြုအစီအစဉ်များနှင့် သုတေသန အခွင့်အလမ်းများစွာရှိသည်။

Tution Fees -  MYR 15,000 to MYR 25,000 per year
 

၁၀။

Kumamoto University, Japan Kumamoto University ကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ Kyushu ဒေသရှိ Kumamoto မြို့တွင် တည်ရှိသော 
ဂျပန်အမျိုးသားတက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်တွင် အထူးပြု ဘာသာရပ်ဌာန (၈) ခုနှင့် ဘွဲ့လွန်ဌာန (၉) ခုတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး သုတေသနစင်တာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများလည်း ရှိပါသည်။ တက္ကသိုလ်တွင် ကျောင်းခွဲ (၄) ခုရှိပြီး Kurokami ခရိုင်တွင် ကျောင်းခွဲနှစ်ခု၊ Honjo-kuhonji ခရိုင်တွင် တစ်ခုနှင့် Oe ခရိုင်တို့တွင် တစ်ခု အသီးသီးရှိသည်။ လူမှုသိပ္ပံ၊ စာပေ၊ ဥပဒေ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ နည်းပညာ စသည့်ပညာရပ်နှင့်ဆက်စပ်သည့် အထူးပြုဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။

Tution Fees - Around ¥535,800 per year
 

နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် စဉ်းစားသည့်အခါ ကျောင်း၏ ကျော်ကြားမှုနှင့် ပညာရေးစနစ်အပြင် ကျောင်းလခနှင့် ငွေကြေးထောက်ပံ့မှုများရှိ/မရှိကိုပါ ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ထို့ကြောင့် အာရှနိင်ငံများရှိ စျေးသက်သာသည့် အစိုးရတက္ကသိုလ်နှင့် ပုဂ္ဂလိကတက္ကသိုလ်များကို အထက်တွင် စုစည်းဖော်ပြပေးခြင်းဖြစ်သည်။ 









Some text some message..