ကလေးငယ်တွေကို Phonics သင်ပေးခြင်းရဲ့ ကောင်းကျိုး (၇) ခု
edge.com.mm
|
2024-08-02

မိဘနှင့် ဆရာ/ဆရာမများအနေနှင့် မူကြိုအရွယ်ကလေးငယ်တွေကို အရေးအကြီးဆုံး သင်ကြားရမယ့် အရာတွေထဲက တစ်ခုကတော့ အင်္ဂလိပ်စာကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်၊ ရေးတတ်အောင် သင်ပေးနိုင်ဖို့ပါ။ ဒီလိုသင်ပေးတဲ့အခါ အခြေခံအကျဆုံးဖြစ်တဲ့ အင်္ဂလိပ်စာလုံးတွေရဲ့ အသံထွက်  Phonics ကို သင်ပေးဖို့လိုလာပါပြီ။ 


ဒီဆောင်းပါးမှာတော့ အင်္ဂလိပ်စာကို စတင်သင်ယူနေတဲ့ ကလေးငယ်တွေအတွက် Phonics သင်ယူခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုးကို ဖေဖေ၊မေမေတို့အပြင် ဆရာ၊ ဆရာမတွေပါ သိရှိသွားအောင် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 
 

၁။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ခန်းဖြစ်စေခြင်း

စာဖတ်ခြင်းက ဦးနှောက်အတွင်းမှာရှိတဲ့ အာရုံကြောလမ်းကြောင်းအသစ်များကို ဖြစ်ပေါ်လာစေနိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးတိုးမြင့်လာစေနိုင်ပါတယ်။ ကလေးများအနေနဲ့ စာဖတ်ခြင်း၊ စာရေးခြင်းအပြင် Phonics သင်ကြားခြင်းသည် ကျိုးကြောင်းဆင်ခြင်ခြင်းကဲ့သို့သော ယေဘုယျတွေးခေါ်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးပါတယ်။

၂။ အသံထွက်များကို မှန်မှန်ကန်ကန်လေ့လာနိုင်ခြင်း

“practice makes perfect”ဆိုတဲ့ဆိုရိုးလိုပါပဲ။ ကလေးများအတွက် စာဖတ်စွမ်းရည်က ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အရေးအကြီးဆုံးအရာတွေထဲကတစ်ခုကတော့ အသံထွက်ကောင်းမွန်မှု ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကလေးတွေဟာ ရင်းနှီးပြီးသား စကားလုံးတွေကို လျင်မြန်စွာ မှတ်မိနိုင်ပြီး စကားလုံးအသစ်တွေကို အလွယ်တကူပဲ အသံထွက်နိုင်တဲ့ ကျွမ်းကျင်တဲ့ စာဖတ်သူတွေ ဖြစ်လာနိုင်ပါတယ်။

၃။ စကားလုံးသင်္ကေတများကို မြန်မြန်ဆန်ဆန်မှတ်မိစေလာနိုင်ခြင်း

အသံထွက်ကနေတစ်ဆင့် စာဖတ်ခြင်းကို သင်ယူတဲ့ ကလေးတွေဟာ သင့်လျော်မှန်ကန်တဲ့ အသံထွက်နဲ့ စာလုံးသင်္ကေတတွေကို ကြားနိုင်၊ ခွဲခြားနိုင်၊ သိမြင်နိုင်ကာ ကြိုးကိုင်နိုင်တဲ့ အစွမ်းရှိပြီး အလွန်ကောင်းမွန်တဲ့ အသံထွက်နဲ့အတူ စာလုံးတွေကိုပါ ပိုမိုမှတ်မိလွယ်စေပါတယ်။

၄။ ကလေးရဲ့စိတ်ရှည်မှုနှင့် အာရုံစူးစိုက်မှုကို တည်ဆောက်ပေးနိုင်ခြင်း

ကလေးအများစုဟာ စာဖတ်ခြင်းကို လေ့ကျင့်တဲ့အချိန်မှာ လက်ထဲကစာအုပ်ကို ကိုင်ပြီး ငြိမ်ငြိမ်လေးစာဖတ်နိုင်ဖို့အတွက် အာရုံစူးစိုက်မှုကို လိုအပ်ပါတယ်။ ကလေးတွေက ဆရာတွေရဲ့ သွန်သင်ဆုံးမ လေ့ကျင့်မှုအောက်မှာ အချိန်ကြာလာတာနဲ့အမျှ အာရုံစူးစိုက်မှု ကောင်းမွန်တဲ့ ကျောင်းသားတွေ ဖြစ်လာနိုင်ပါတယ်။ 

၅။ ဝေါဟာရနှင့်ဘာသာစကားကို ကောင်းစွာနားလည်သဘောပေါက်ခြင်း

Phonics သင်ကြားခြင်းက ကလေးငယ်တွေရဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် စကားလုံးအသစ်တွေကို ဖတ်တဲ့အခါ တခြားကလေးများထက် နားလည်နိုင်စွမ်း ပိုမိုမြင့်ပါတယ်။ ဒီလုပ်ဆောင်ချက်က Phonics ကို စိတ်ဝင်တစား သင်ယူတဲ့ ကလေးတိုင်းမှာ အလိုအလျောက်ဖြစ်လာတာဖြစ်လို့ Phonics သင်ကြားခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ချက်ဖြစ်ပါတယ်။

၆။  ကလေးများကို ဗဟုသုတတိုးပွားစေခြင်း

ကလေးငယ်များက ၄င်းတို့ရဲ့ စာဖတ်စွမ်းရည်ကို မြှင့်တင်ပြီး လူများ၊ နေရာများနှင့် ၄င်းတို့ရဲ့ အတွေ့အကြုံအဖြစ်အပျက်များ အကြောင်းကို သင်ယူပြီး ထိုအခြေအနေမှာ သူတို့ ဘယ်လိုစိတ်ခံစားချက်ရှိမယ်ကအစ စိတ်ကူးယဥ်လာတတ်ကြပါတယ်။ Phonics သင်ကြားခြင်းဖြင့် ကလေးတွေဟာ ကမ္ဘာကြီးကို  အမြင်အသစ်နှင့် မြင်ကြည့်နိုင်ပြီး ဗဟုသုတများလည်း တိုးပွားလာနိုင်ပါတယ်။

၇။ ပျော်စရာကောင်းသော သင်ယူမှုအတွေ့အကြုံကိုရရှိခြင်း

Phonics သင်ကြားမှုပုံစံအမျိုးမျိုးရှိပါတယ်။ အကုန်လုံးက ကလေးတွေအတွက် စာသင်ရတာမျိုးနဲ့မတူပဲ ပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ များသောအားဖြင့် ရုပ်ပုံကားချပ်လေးများ၊ ပုံပြင်များ၊ ဂိမ်းများနှင့် သီချင်းများက Phonics သင်ကြားခြင်းရဲ့ အခြေခံပါပဲ။ 

ဒီသင်ကြားနည်းတွေ အကုန်လုံးက ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို အများဆုံးရရှိနိုင်တဲ့ နည်းတွေဖြစ်တာကြောင့် ကျောင်းတွေ တော်တော်များများမှာလည်း ဒီနည်းလမ်းတွေကိုပဲ အသုံးပြုပြီး သင်ကြားကြပါတယ်။









Some text some message..