"ရေပုံမှန်ချိုးတာကြောင့်အသားတွေဖြူလာတာပါ"လို့ ဆိုလိုက်တဲ့ ခြိမ့်ကေကို (ဘနားနား)
popolay.com
|
2018-11-28

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာ မြန်မာပြည်သိန်းတန်ဌက်ပျောသီးကျွေးလိုက်ရာမှ ဘနားနားဆိုပြီး လူသိများကျော်ကြားလာတဲ့ ခြိမ့်ကေကိုဟာဆိုရင်အနုပညာလောကထဲမှာသာမက လက်ရှိအွန်လိုင်းသုံးစွဲသူများကြားမှာပါ ရေပန်းစားနာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။ ဝါသနာပါရာအနုပညာဂီတအလုပ်တွေကို မဆုတ်မနစ်ကြိုးစားလုပ်ကိုင်နေတဲ့ ဘနားနားကိုတော့ ဝေဖန်တိုက်ခိုက်ပြောဆိုသူတွေများစွာရှိသလို ဘနားနားဘက်ကနေရပ်တည်အားပေးနေသူတွေလဲအများအပြားရှိပါတယ်။









မကြာသေးခင်ကအွန်လိုင်းကနေထွက်ရှိထားတဲ့ ခြိမ့်ကေကိုရဲ့ “မမရေလွမ်းလို့” သီချင်းလေးကလဲ လူငယ်တွေကြားအကြိုက်တွေ့ခဲ့ရတဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းကအမိုက်စားဒီဇိုင်းကာလာအနေအထားနဲ့ ပို့စ်ပေးကြမ်းနေတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကြားအံ့သြမှင်သက်သွားခဲ့ရပါသေးတယ်။ မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားတဲ့ ဘနားနားရဲ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးအညိုရောင်အသားအရေပိုင်ရှင် ဘနားနားတစ်ယောက်အသားတွေဖြူလာတယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေပေါ်ထွက်လာခဲ့ပါတယ်။









ထိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့အင်တာဗျူးတစ်ခုကနေ “အသားကတော့ သူ့ဘာသာဖြူလာတယ်လို့ပဲပြောရမယ်။ ကျွန်တော်က ရေပုံမှန်ချိုးတာကြောင့်အသားတွေဖြူပြီး ဖွေးလာတာပါ” ဆိုကာအသားဖြူလာရတဲ့အကြောင်းရင်းကို ပြောပြလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲကအသားဖြူချင်သူတွေရှိရင် ရေပုံမှန်ချိုးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။









ခြိမ့်ကေကိုဟာဆိုရင် လက်ရှိမှာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး သီချင်းအသစ်တွေလဲ ဆက်လက်ထွက်ရှိသွားဖို့ရှိတယ်လို့ဆိုပါတယ်။အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့ ဘနားနားကတော့ ဂီတနယ်ပယ်မှာအလုပ်တွေလုပ်ရင်း သရုပ်ဆောင်ပိုင်းကိုပါခြေလှမ်းစတင်နေပြီဖြစ်ကာ “တောသားဆိုပြီးအချဉ်မဖောက်နဲ့” ဆိုတဲ့ လူထုအကျိုးပြုဇာတ်လမ်းကို လက်ခံရိုက်ကူးနေပြီပဲဖြစ်ပါတယ်။












Some text some message..