အတွင်းရေးမှူးကင်မ် ရိုက်စဉ်အခါကအခက်အခဲတွေရှိခဲ့တယ်လို့ပြောလာတဲ့ ပတ်ဆောဂျွန်
popolay.com
|
2018-11-28

High Cut Magazine ရဲ့အသစ်ထွက်ရှိမယ့် မဂ္ဂဇင်းမှာ ပတ်ဆောဂျွန်ဟာ လူငယ်အားကစား ဖက်ရှင်စတိုင်နဲ့ ပါဝင်ထားတာဖြစ်ပါတယ်။ သိပ်မကြာခင် ကထုတ်လွှင့်ပြသပြီးဖြစ်တဲ့အတွင်းရေးမှူးကင်မ် ဇာတ်လမ်းတွဲထဲမှာတော့အထာကျ ချောမောခန့်ညားပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့ ဒုဥက္ကဋ္ဌအနေနဲ့ တွေ့ခဲ့ရပေမဲ့ High Cut မှာတော့ လွတ်လပ်ပေါ့ပါးတဲ့လူငယ်လေးအသွင် ဝတ်စားပြီး ရိုက်ကူးထားတာပါ။








မဂ္ဂဇင်းအတွက် ဓာတ်ပုံများကိုရိုက်ကူးရင်း ပတ်ဆောဂျွန်ကအင်တာဗျူးမေးခွန်းအချို့ကိုဖြေကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ပတ်ဆောဂျွန်က နောက်ထပ်အသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ The Divine Fury ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာအနုပညာဆိုတာထက် ပရိတ်သတ်ကိုအမှန်တကယ် ရင်ထဲထိစေမယ့် ဇာတ်ကားဖြစ်တယ်လို့ ဆိုထားပါတယ်။ ဇာတ်လမ်းကအစပိုင်းမှာကတည်းက ကြည့်ရတဲ့သူကို ပျော်ရွှင်စေမှာဖြစ်ပြီး သူကိုယ်တိုင်ကလဲ ဒီလို ဇာတ်ရုပ်မျိုးကိုအရင်ကတည်းက သရုပ်ဆောင်ချင်ခဲ့တာကြာပြီ ဖြစ်တယ် လို့ ပြောထားပါတယ်။








ပတ်ဆောဂျွန်က မကြာသေးမီက ထုတ်လွှင့်ပြသပြီးသွားပြီ ဖြစ်တဲ့ What’s wrong with secretary Kim (အတွင်းရေးမှူးကင်မ်) ဇာတ်လမ်းတွဲမှာ စိတ်ကြီးဝင်နေတဲ့ ဒုဥက္ကဋ္ဌဇာတ်ရုပ်နဲ့ကိုက်ညီအောင် ကြိုးစားပြီး မုဒ်သွင်းခဲ့ရတဲ့အခါမှာအခက်အခဲတွေအများအပြားရှိကြောင်း ဖွင့်ပြောခဲ့ပါတယ်။

What’s wrong with Secretary Kim ဇာတ်လမ်းတွဲဟာ မူလပထမ ရုပ်ပြကာတွန်း ဇာတ်လမ်းကအရမ်းကိုနာမည်ကြီးတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် သူ့အနေနဲ့ ဒီဇာတ်ရုပ် ကိုသရုပ်ဆောင်ရတာအရမ်းကိုတာဝန်ကြီးခဲ့တယ်လို့ဆိုထားပါတယ်။ သူသရုပ်ဆောင်တာ နည်းနည်းလွဲသွားတာနဲ့ ရုပ်ပြကာတွန်းကို ဖတ်ပြီးတဲ့ ပရိတ်သတ်တွေအတွက် ပေါ့ပေါ့တန်တန် ဖြစ်သွားမှာစိုးရိမ်တဲ့အတွက် သေချာအာရုံ စိုက်ပြီး သရုပ်ဆောင်ခဲ့ရတယ်လို့ ပြောထားပါတယ်။ သူကိုယ်တိုင်ကလဲ ရုပ်ပြကာတွန်းထဲက ဇာတ်ကောင်အတိုင်း တစ်ထပ်တည်းဖြစ်အောင်အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် လို့ ပြောပြထားပါတယ်။

သူ့အနေနဲ့ ဒုဥက္ကဋ္ဌ လီယောင်ဂျွန်း ဇာတ်ရုပ်ကို မပီပြင်မှာစိုးတဲ့အတွက်အချိန်တော်တော် ကြာ ကျင့်ယူခဲ့ရတယ်လို့ ပြောထားပါတယ်။ လီဂျွန်ယောင်း ရဲ့ စိတ်ကြီး ဝင်တဲ့ဟန်ပန်တွေအမူအရာတွေနဲ့အသားကျအောင် ကြိုးစား လုပ်ယူခဲ့ရတယ် လို့ပြောထားပါတယ်။ ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ပြီး ကိုယ့်ကိုယ်တောင် စိတ်ကြီးဝင်လာသလို ခံစားမိတယ် လို့ ဆိုထားပါတယ်။ ပြီးတော့ သူက ဒီလို စိတ်ကြီးဝင်တဲ့ ကာရိုက်တာကိုအခွင့်အရေးရရင်ထပ်ပြီး သရုပ်ဆောင်ချင်ပါသေးတယ်တဲ့။ ဒီလိုဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ဖို့ ကျွန်တော်အိုနေပြီလားဆိုပြီးအရွှန်းဖောက်စနောက်ထားပါသေးတယ်။

ပြီးတော့ သူကပဲဆက်လက် ရယ်မောလျက် “နောက်နောင်မှာလဲ စိတ်ကြီးဝင်နေတဲ့ လီယောင်ဂျွန်းလို ကာရိုက်တာမျိုးတွေရှိလာဦးမှာပါ။အဲ့ခါကျရင်လဲ ကျွန်တော် ဒီလို ကာရိုက်တာ ကိုထပ်ပြီးသရုပ်ဆောင်ချင်ပါသေးတယ်။ ကျွန်တော့်ရဲ့ စိတ်ကြီးဝင်တဲ့ဇာတ်ရုပ်နဲ့ ပရိတ်သတ်ကအသားကျနေပြီမဟုတ်ပါလား” လို့ ပြောဆိုထားပါတယ်။

ပတ်ဆောဂျွန်ဟာ တခြားနာမည်ကြီး မင်းသားများဖြစ်တဲ့ Park Hyung Sik ၊ BTSအဖွဲ့မှ V၊ Choi Woo Shik တို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်ကြပါတယ်။ ထိုအဖွဲ့ထဲမှာ သူအကြီးဆုံးဖြစ်ပေမယ့် သူ့ကိုအစ်ကိုလို ဆက်ဆံတာမျိုးကို သူကမကြိုက်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်အငယ်တွေက သူ့ကို ဒီတိုင်းသူငယ်ချင်းလိုပဲပြောဆိုဆက်ဆံကြတယ် လို့ပြောထားပါတယ်။







Some text some message..