မြင်သူငေးလောက်တဲ့အလှတွေနဲ့ နွေဦးရဲ့နတ်သမီးလေးတစ်ပါးလို့တင်စားရမယ့် Patricia
moda.com.mm
|
2020-03-11
ထိုင်းမင်းသမီးလေးလိုမျက်နှာပေါက်နဲ့ ဆွဲဆောင်မှူအပြည့်ရှိတဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ အမိုက်စားဖက်ရှင်တွေ pose တွေနဲ့ ခပ်ချေချေမျက်နှာပေးတွေဟာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ အမြဲလိုလိုရေပန်းစားခဲ့ရတာပါ။ ကြည့်လိုက်တိုင်းရိုးမသွားနိုင်လောက်အောင် ခေတ်မီတဲ့ဝတ်စားဆင်ယင်တတ်မှူနဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေရဲ့ရင်မှာ အမြဲတမ်း အတုယူအားကျရတဲ့သူတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း မလျော့နည်းတဲ့အားထုတ်မှူတွေကြောင့် ပရိသတ်တွေအချစ်ပိုမှူကိုမကြာခဏခံခဲ့ရပါသေးတယ်။
လတ်တလောမှာလည်း သူမရဲ့ခန္ဓာကိုယ်အလှကို နွေရာသီဖက်ရှင်တစ်ခုအနေနဲ့ရော ကမ်းခြေဖက်ရှင်တစ်ခုအနေနဲ့ပါ ချပြခဲ့တဲ့အပေါ်မှာ ပရိသတ်တွေကြားမှာ အရမ်းကို Hot ဖြစ်ပြီး လူပြောများခဲ့တယ်လို့ဆိုရပါမယ်။ နွေရာသီ Vacation ကာလရဲ့ Beach Vibes ကို အပြည့်အဝဖော်ပြနေသလို ညှို့အားပြင်းတဲ့ခန္ဓာကိုယ်အလှတွေနဲ့ ဆွဲဆောင်မှူရှိရှိ လှနေတဲ့ စူးရှနိုင် (Patricia)ရဲ့ Swimsuit ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ပရိသတ်အတွက် ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။
Photo Credit To Sue Sha Naing's Instagram
#ဖက်ရှင်
#ပရိသတ်
#မျက်နှာပေါက်
#ခန္ဓာကိုယ်
#ပက်ထရစ်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်