ဇာတ်လမ်းတွဲထဲမှာ မြိုသိပ်ထားသမျှ ဖွင့်ချလိုက်တဲ့ နန်းစန္ဒာလှထွန်း
celegabar.com
|
2020-03-06



ပရိသတ်အချစ်တော် ရုပ်သံဇာတ်လမ်းတွဲမင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲထဲက အေးဖြူလေးအဖြစ် မြိုသိပ်ထားသမျှကို “အော်စိုးနိုင်ရယ် အန်နေတာကိုကြည့်ပြီး ချစ်တတ်နေလိုက်တာ ကျွန်မတုန်းက (၃) ယောက်ဘယ်လိုမွေးလိုက်လည်း ရှင်သိတောင်မသိဘူးမလား …ပုံ / အေးဖြူ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖွင့်ချထားပါတယ်။




နန်းစန္ဒာလှထွန်းကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲကြီးမှာ တော့ အေးဖြူဆိုတဲ့ ရိုးသားဖြူစင်ကာ ယောကျာ်းအပေါ်တွင်သစ္စာရှိသူ ခင်ပွန်းအပေါ်ယုံကြည်မှုလွန်ကဲသူ ကျောင်းဆရာမလေး အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲထဲမှာတော့ ခင်ပွန်းဖြစ်သူ စိုးနိုင်က တခြားမိန်းကလေးနဲ့ ဖောက်ပြန်ရင်း ကိုယ်ဝန်ရသွာကာ ကိုယ်ဝန်ဆိပ်ကြောင့် အန်နေတာကို ကြည်ပြီး ချစ်တတ်နေတာကို ကြည့်ပြီး ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူတစ်ယောက်ပါ။MRTV-4 ရဲ့ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာတာဖြစ်ပြီး “ပဉ္စလက်ရွာ”၊ “အရိပ်”၊“ဝင်္ကပါရှင်းတမ်း”၊“ငွေစက္ကူခုနှစ်ရွက်” စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။




CeleGabar ပရိသတ်ကြီးရေ ကျရာဇာတ်ကောင်တိုင်းကို သေချာဂရုစိုက်ပြင်ဆင်တတ်သူ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ လက်ရှိပြသနေဆဲဖြစ်တဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲထဲက အေးဖြူကာရိုက်တာလေးအစား ဒေါသတွေထွက်ပြီး ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရော အေးဖြူလေးတစ်ယောက် ဘယ်လောက်တောင်ခံစားနေရမလဲနော်။



Source: Nan Sandar Hla Htun
DarDar-CeleGabar





Some text some message..