ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ Friend Zone မင်းသားနဲ့ မင်းသမီး
mmtimes.com
|
2020-03-12



ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ Friend Zone မင်းသားနဲ့ မင်းသမီး

Friend Zone ထိုင်းရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Baifen Pimchanok နဲ့ Nine Napha တို့ကို မှတ်မိကြဦးမယ် ထင်ပါတယ်။

ထိုင်းနိုင်ငံမှာတင်မကဘဲ အာရှတစ်လွှားမှာပါ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Friend Zone ဇာတ်ကားကတော့ သူငယ်ချင်းအချစ်ကနေ သမီးရည်းစားအချစ်ကို ကူးပြောင်းတဲ့အခါမှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို ချစ်ဖို့ကောင်းအောင် ရိုက်ကူးထား တာဖြစ်ပါတယ်။

Baifen Pimchanok နဲ့ Nine Napha တို့ဟာ အခုဆိုရင် “SroiSa- bunga” ဆိုတဲ့ တီဗွီဒရာမာဇာတ်လမ်း တစ်ခုကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရိုက်ကူးရေးကိုတော့ အခုရက်ပိုင်းမှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

Baifen Pimchanok နဲ့ Nine Napha တို့ရဲ့ အင်စတာဂရမ်မှာ ကား ရိုက်အတွက် အဝတ်အစား ပြင်ဆင်နေမှုတွေနဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို အသီးသီးတင်ထားကြတာ ဖြစ်ပါတယ်။

“SroiSabunga” တီဗွီဇာတ်လမ်းကိုတော့ Thai TV3 ကနေ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။




Some text some message..