သြစတေးလျမှာ သွားရောက်ဖျော်ဖြေရမယ့် အက်စတာနဲ့ ဘင်ဂျမင်
celegabar.com
|
2020-03-09



မြန်မာအိုင်ဒေါပြိုင်ပွဲမှာ အက်စတာကတော့ winner ဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့ပြီး ဘင်ဂျမင်ကလည်း Runner Up ဆုကြီးကို ရရှိခဲ့တဲ့အထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အများဆုံးရရှိတဲ့ ပြိုင်ပွဲဝင်တွေပဲဖြစ်ပါတယ်။ အက်စတာနဲ့ ဘင်ဂျမင်တို့နှစ်ယောက်စလုံးကတော့ ပြိုင်ပွဲကြီးပြီးတဲ့နောက် ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလို မနားမနေဖျော်ဖြေပေးနေခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင်အစွမ်းကုန်ကြိုးစားနေကြပါသေးတယ်။




အက်စတာနဲ့ ဘင်ဂျမင်ဟာ မြန်မာနိုင်ငံအနှံအပြားက အရပ်ဒေသတော်တော်များများအထိ ဖျော်ဖြေရေးပွဲတွေကို သွားရောက်ဖျော်ဖြေပေးနေရတဲ့ အပြင် အခုတစ်ခေါက်မှာတော့ သြစတေးလျနိုင်ငံမှာပါသွားရောက်ဖျော်ဖြေပေးရမှာဖြစ်ပါတယ်။ ဒီနေ့မှာပဲသြစတေးလျမှာသွားရောက်ဖျော်ဖြေဖို့အတွက် အက်စတာနဲ့ ဘင်ဂျမင်တို့နှစ်ယောက်ဟာ မြန်မာနိုင်ငံကနေ သြစတေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ပါပြီ။




သူတို့နှစ်ဦးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ်ကာလကတည်းက ပြည်တွင်းကပရိသတ်အားပေးမှုကိုသာမက ပြည်ပနိုင်ငံကိုရောက်ရှိနေတဲ့ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တာပါ။သြစတေးလျမှာရှိတဲ့ အက်စတာနဲ့ ဘင်ဂျမင်တို့ရဲ့ ပရိသတ်တွေက အခုလို အက်စတာနဲ့ ဘင်ဂျမင်တို့လာရောက်ဖျော်ဖြေမှာဆိုတော့ ဘယ်လောက်တောင်မှပျော်နေလိမ့်မလဲ။



Chilli – CeleGabar
Source – We Love Esther Dawt Chin Sung, Benjamin Sum





Some text some message..