ဒီနေ့မှာ အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ
celegabar.com
|
2020-03-15



သက်ထားသူဇာကတော့ မြန်မာ့အားကစားလောကမှာ မသိသူမရှိလောက်အောင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်နေစဲဖြစ်တဲ့ ကြက်တောင်အားကစားမယ်တစ်ယောက်ပါ။သူကတော့ ကြက်တောင်ကစားသမားဟောင်းတွေဖြစ်တဲ့ မိဘတွေရဲ့ဂုဏ်ကိုဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း မြန်မာပြည်တံခွန်စိုက်ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးရယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။





ဒါ့အပြင် သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာဖခင်ဖြစ်သူ ကြက်တောင်နည်းပြအဖြစ် သွားရောက်လုပ်ကိုင်စဉ်မှာ ကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု (၆)ဆုကိုလည်း ရရှိထားသူတစ်ယောက်ပါ။(၂၀၁၁)ခုနှစ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ လက်ရွေးစင်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ သက်ထားသူဇာကတော့ အခုဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ယှဉ်ပြိုင်နေရပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။မကြာသေးခင်က ကျင်းပခဲ့တဲ့ Uganda International series 2020 မှာ ဗိုလ်စွဲခဲ့ပြီး နှစ်နှစ်ဆက်တိုက်အောင်မြင်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် Myanmar’s Pride Awards 2019 အတွက်လည်း Best in Sports ကဏ္ဍမှာ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။





သူကတော့ မတ်လ(၁၅)ရက်၊(၁၉၉၉)ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီနေ့မှာဆိုရင်တော့ အသက်(၂၁)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေဆက်တိုက်ရနေသူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံဂုဏ်လည်း ဆောင်နေတဲ့ သက်ထားသူဇာကတော့ စံထားစရာမိန်းကလေးတစ်ယောက်ပါပဲနော်။ဒီနေ့မှာ ကျရောက်တဲ့သူရဲ့မွေးနေ့လေးအတွက် ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦး။


Source – Thet Htar Thuzar Wikipedia

Rainbow – Cele Gabar





Some text some message..