ရန်ကုန်ကလေးဆေးရုံကြီးအတွက် အသက်ရှုစက်နဲ့ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းပေးခဲ့တဲ့ ဒေါင်း
celegabar.com
|
2020-03-15



ရုပ်ရှင်သရုပ်ဆောင်မင်းသားချော ဒေါင်းကတော့ ညို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့သဲသဲလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူပါ။ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအပေါ်တန်ဖိုးထားတဲ့စိတ်တွေကြောင့်လည်း အနုပညာအလုပ်တွေခပ်စိပ်စိပ်လုပ်ကိုင်နေရကာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပါတယ်။





လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတွေမှာ ကုသရေးပစ္စည်းလိုအပ်ချက်တွေမြင့်မားနေပြီး အစစအရာရာမဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံအတွက်ပိုလို့တောင် လိုအပ်နေပါသေးတယ်။မင်းသားချော ဒေါင်းကတော့ နယ်မှာ ကားရိုက်ရောက်နေတာတောင်မှဘဲ လတ်တလောဖြစ်ပွားနေတဲ့အခြေအနေတွေအရ ရန်ကုန်ကလေးဆေးရုံကြီးက ကလေးတွေအတွက် ဆွစ်ဇလန်လုပ် အသက်ရှူစက်တစ်လုံး သိန်း (၁၄၀) ခန့်နဲ့ (၂၅) သိန်းတန်ဖိုးရှိကာကွယ်ရေး ဝတ်စုံများ PPE စုစုပေါင်း (၁၆၅) သိန်းဖိုး လှူဒါန်းခဲ့ပါတယ်။ဒေါင်းကတော့ အရင်တုန်းကတည်းက ကလေးတွေအတွက်လိုအပ်တာရှိလို့ ဖုန်းဆက်ရင်လည်း ချက်ခြင်းအပြေးလာလှူတတ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။





လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူရှိပြီလို့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေမယ့်လည်း လိုအပ်တာတွေကြိုတင်ပြင်ဆင်နေကြတဲ့အနေအထားမှာ တတ်နိုင်သူတချို့လည်း ဆေးရုံတွေရဲ့လိုအပ်ချက်ကို စတင်ဖြည့်ဆည်းနေကြပြီဖြစ်ပါတယ်။သရုပ်ဆောင် ဒေါင်းကိုယ်တိုင်လည်း မအားတဲ့ကြားက ကလေးတွေအတွက်စိတ်အေးရအောင် (၁၆၅)သိန်းဖိုးရှိတဲ့ အသက်ရှုစက်နဲ့ကာကွယ်ရေးပစ္စည်းတွေလှူဒါန်းခဲ့ကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ကာလဒါနအလှူလေး ပြုလုပ်ခဲ့တဲ့ဒေါင်းအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။



Source – Ye Myint Kyaw
Rainbow – Cele Gabar





Some text some message..