အော်ရီဂျင်နယ်ဂိုဏ်းစတား (၃) ဇာတ်ကားကြီးကို ထွက်ရှိလာဖို့အားခဲထားခဲ့ပေမဲ့ ရုံတင်ရက်ရွှေ့ပေးလိုက်ရတဲ့ ယုန်လေး
celegabar.com
|
2020-03-16



ယုန်လေးကတော့ ဒီနေ့မှာ အော်ရီဂျင်နယ်ဂိုဏ်းစတား (၃)ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Golden Carpet ပွဲကြီးကို ရက်ရွှေ့လိုက်တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖော်ပြလာခဲ့ပါတယ်။လတ်တလောမှာ ဝူဟန် ဗိုင်းရပ်စ်ကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်ရုံတွေ ပွဲလမ်းအခမ်းအနားတွေကို မလုပ်ကြဖို့ တရာဝင်သတင်းထုတ်ပြန်ထားတာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။




ယုန်လေးကလည်း အော်ရီဂျင်နယ်ဂိုဏ်းစတားရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ခွင့်ရရှိဖို့ကို တော်တော်လေးကြိုးပမ်းထားခဲ့ရတာဖြစ်ပေမဲ့လည်း ရုပ်ရှင်ထက် ပရိသတ်တွေရဲ့ ကျန်းမာရေးကို အလေးထားတာကြောင့် ရက်ရွှေ့လိုက်တာဖြစ်ပြီး “ရုပ်ရှင်ရုံ တွေတရားဝင် ပိတ်တဲ့အတွက် ဒီနေ့ OG 3 Gold Carpet ပွဲလည်း ရက်ရွေ့ပါတယ်။ရုံတင်တဲ့ ရက်လည်းရွေ့သွားပါတယ်။အဓိက က ကျွန်တော်တို့ ရုပ်ရှင်ထက်လူတိုင်းရဲ့ကျန်းမာရေးကပိုအရေးကြီးပါတယ်။”လို့ဖော်ပြထားခဲ့တာပါ။




ဒီအကြောင်းလေးအပြင် ယုန်လေးက “ကျွန်တော်တို့ တစ်နိုင်ငံလုံး အသိသတိ နဲ့ အားလုံး ဂရုစိုက်ကြပါ။အရာရာအဆင်ပြေကြပါစေ။ဒီကပ်ဆိုးတွေကို အမြန်ကျော်လွှာနိုင်ပါစေ။” လို့လည်း ဆုမွန်ကောင်းထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အော်ရီဂျင်နယ် ဂိုဏ်းစတား (၃)ကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲနော်။



Chilli – CeleGabar
Source – Yone Lay




Some text some message..