အိမ်ဝင်ပေါက်ကမှန်ကြီးပေါက်သွားအောင် ပစ်လိုက်တဲ့အရာကို တွေ့ရှိသွားပြီဖြစ်တဲ့ ကျော်သူ
celegabar.com
|
2020-03-21



နိုင်ငံကျော်မင်းသားကြီးကျော်သူကတော့ မတ်(၂၀)ရက်နေ့ဖြစ်တဲ့ မနေ့က နေ့လယ်အချိန်လောက်မှာ “ဖောက်” ဆိုတဲ့ စူးရှရှအသံကြားလိုက်ရပြီး ညနေရောက်တော့မှ သတိထားမိလိုက်တဲ့အကြောင်းကို “ဘယ်သူ့ လက်ချက်လဲ? ဘာ လက်နက်လဲ? နေ့လယ်အိမ်မှာထိုင်ပြီး စာဖတ်နေတုန်း “ဖေါက်” ဆိုတဲ့စူးရှရှအသံကြားလိုက်မိတယ်။ ညနေရောက်တော့ တစ်ယောက်က အိမ်ရှေ့ မှန်ကွဲနေတယ်ဆိုလို့ ထကြည့်မှ လူတစ်ရပ်စာအိမ်ဝင်ပေါက်ကမှန်ကြီးတွင် လေသေနတ်ကျည်လိုလို/သံဂေါ်လီလုံးလိုလို ညီညာဝိုင်းစက်နေတဲ့အပေါက်နဲ့ မှန်အက်ကွဲနေတာကိုမြင်ရပါတော့တယ်။




ပစ်ကွင်းအနေအထားအရ တိုက်ရိုက်မှန်ခြင်းမဟုတ်ဘဲ ကြမ်းခင်းကျောက်ပြား ကိုထောက်၍လာခြင်းဖြစ်သည်။ မှန်များအား စတစ်ကာကပ်ထားခြင်းကြောင့် တစ်ချပ်လုံးမကွဲ၍ လူများအန္တရာယ်မဖြစ်ခဲ့ပါ။ အထူးပြောလိုသည်မှာ လက်ဆော့သူများ “ဝဋ်လည်တတ်တယ်နော” ။” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ မင်းသားကြီးကျော်သူရဲ့ လူတစ်ရပ်စာအိမ်ဝင်ပေါက်ကမှန်ကြီးတွင် လေသေနတ်ကျည်လိုလို/သံဂေါ်လီလုံးလိုလို ညီညာဝိုင်းစက်နေတဲ့အပေါက်ဖြစ်သွားအောင်လုပ်လိုက်တဲ့အရာကတော့ အပြာရောင် ဖန်ဂေါ်လီဖြစ်ပြီး အပစ်ခံရတဲအချိန်တုန်းကတော့ ဇနီးဖြစ်သူ ရွှေဇီးကွက်မှ ကွဲသွားတဲ့ မုန်နဲ့အနီးဆုံး ဒန်းပေါ်မှာရှိနေခဲ့တယ်လို့ သိရပါတယ်။




CeleGabar ပရိသတ်ကြီးရေ ပရဟိတလုပ်ငန်းတွေကိုအားကြိုးမာန်တတ်နဲ့ လုပ်ကိုင်နေတဲ့ နိုင်ငံကျော်မင်းသားကြီး ကျော်သူကတော့ အိမ်ကိုအခုလို လက်ဆော့တဲ့သူတွေကို ဝဋ်လည်တတ်တယ်နော် လို့ သတိပေးထားပါတယ်။ ပရိသတ်ကြီးရော အခုလို လက်ဆာ့တတ်တဲ့သူတွေနဲ့ကြုံဖူးကြလား။



Source: Kyaw Thu
DarDar-CeleGabar




Some text some message..