“ငယ်ကျွမ်းဆွေလေးကို အလင်းပြလာတဲ့ မိုးအောင်ရင်”
celegabar.com
|
2020-03-30



မိုးအောင်ရင်ကတော့ အဆိုတော် ဦးအောင်ရင်ရဲ့ အနုပညာအမွေကို ဆက်ခံနေတဲ့ သားလေးဖြစ်ပြီး ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့အပြင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။လတ်တလောမှာတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက တရားစွဲဆိုထားတာကြောင့် အမှုရင်ဆိုင်နေရပါသေးတယ်။




ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော မိုးအောင်ရင်ကတော့ ဒီနေ့ မတ်လ(၃၀)ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ သူရဲ့ ငယ်ဘဝက ချစ်သူဆိုပြီးနှစ်ယောက်တွဲပုံလေးတွေကို ချပြလာခဲ့ပါတယ်။အမြဲတမ်းလိုလိုပျော်ပျော်နေတတ်တဲ့ မိုးအောင်ရင်ကတော့ ပရိသတ်တွေကို သူ့ရဲ့ ငယ်စဉ်ကတည်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းနဲ့ ပုံလေးနဲ့ “Look wad I found…???My high school sweetheart….ကျွန်တော့ငယ်ဘဝမှချစ်သူ…ငယ်ကျွမ်းဆွေလေးပေါ့..”ဆိုကာ အရွန်းဖောက် စနောက်ဖော်ပြထားတာပဲဖြစ်ပါတယ်။




ပရိသတ်တွေကတော့ မိုးအောင်ရင်ရဲ့ ငယ်ဘဝက သူ့သူငယ်ချင်းနဲ့ ရင်းရင်းနှီးနှီး ရိုက်ကူးထားတဲ့ ပုံလေးတွေကို ကြည့်ပြီး သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေထဲက မိုးအောင်ရင်ရဲ့ ပရိသတ်တွေအတွက် မိုးအောင်ရင်နဲ့ သူ့ရဲ့ ငယ်ငယ်ကတည်းကခင်မင်လာတဲ့ သူငယ်ချင်းတို့ရဲ့ ငယ်ဘဝပုံလေးတွေကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။



Chilli – CeleGabar
Source – Moe Aung Yin




Some text some message..