
Strong woman ဇာတ်ကားဖြင့် လူသိများခဲ့တဲ့ Park Bo-Young ကို ဖခင် Park Wan-Soo မိခင် Choi Jeong-ok တို့မှ တောင်ကိုရီးယားနိုင်ငံ Jeungyeong-gun မြို့မှာမွေးဖွားခဲ့ပါတယ်။သွေးအမျိုးအစားကတော့ အိုသွေးဖြစ်ပြီးအရပ်ကတော့ ၁.၅၈မီတာဖြစ်ပါတယ်။
ကိုယ်အလေးချိန်ကတော့ ၄၅ ကီလို(သို့) ၉၉ ပေါင်ဖြစ်ပြီး မျက်လုံးအရောင်ကတော့ အညိုရောင်ဖြစ်ပါတယ်။ဆံပင်အရောင်ကတော့ အနက်ရောင်ပါ။ဝါသနာကတော့ သီချင်းဆိုခြင်း၊ ဂီတာတီးခြင်း၊ ပီယာနိုတီးခြင်းတို့ကို နှစ်သက်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Dankook Unitersity မှာ အနုပညာမေဂျာဖြင့် ဘွဲ့ရခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ အနုပညာ လောကသို့ စတင်ဝင်ရောက်ချိန်မှပြီး အခုလက်ရှိထိ အောင်မြင်နေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Scandal Makers၊ ၂၀၁၈ ခုနှစ်တွင် On your Wedding Day စတဲ့ဇာတ်ကားများထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်ထွက်ရှိခဲ့တဲ့ Strong Girl Bong-soon ဇာတ်ကားကတော့ လူကြိုက်များဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
Park Bo-youg ကတော့ Blue Dragon Film Award Popular Star Award- Female ဆုကို ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ သူမရဲ့ Agent ကတော့ Fides Spation BH -entertainment ဖြစ်ပါတယ်။