ဂဏန်းအားရပါးရကိုက်နေတဲ့ သမီးလေးထိပ်ထိပ်ကို ဓာတ်ပုံခိုးရိုက်ပြီးစနောက်ထားတဲ့ မေမေခိုင်သင်းကြည်
myanmarload.com
|
2020-04-01



ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ ခိုင်သင်းကြည်ဟာဆိုရင် အကယ်ဒမီဆုကြီးကိုလည်း နှစ်ဆုရရှိထားသလို ပရိသတ်တွေအများအပြားကိုလည်း ပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။အကယ်ဒမီခိုင်သင်းကြည်ဟာဆိုကင် တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကလည်း သူမရဲ့အနုပညာအရည်အချင်းတွေကို နှစ်သက်သဘောကျကြပါတယ်နော်။





ယနေ့အချိန်ထိလည်း နုပျိုလှပနေဆဲဖြစ်တဲ့ ခိုင်သင်းကြည်က အလှအပတွေနည်းနည်းမှမလျော့သွားတာကြောင့် ဆယ်ကျော်သက်သမီးလေးနဲ့ဆိုရင် ညီအစ်မတွေလို့တောက်ထင်မှတ်ရပါတယ်နော်။ခိုင်သင်းကြည်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးလေးစံထိပ်ထားဦးကလည်း အရွယ်ရောက်နေပြီဖြစ်လို့ သားအမိနှစ်ယောက်အဖော်ရနေတာဖြစ်ပါတယ်။






စံထိပ်ထားဦးကလည်း မေမေ့ရဲ့သွေးအပြည့်ပါတာကြောင့် အနုပညာအလုပ်တွေကိုဝါသနာပါပြီး ကြော်ငြာလေးတွေကို တစ်နိုင်တစ်ပိုင်ရိုက်ကူးနေတာဖြစ်ပါတယ်။မခိုင်လေးတို့သားအမိနှစ်ယောက်က စိတ်တူကိုယ်တူနဲ့ချစ်ချစ်ခင်ခင်ရှိကြလို့ ပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဂဏန်းကိုက်နေတဲ့ထိပ်ထိပ်လေးကို ဓာတ်ပုံခိုးရိုက်ထားတဲ့ပုံရိပ်လေးကို မေမေခိုင်သင်းကြည်က မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။






Some text some message..