Zayn Malik ရဲ့ မထွက်ရသေးတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့
Zayn Malik ရဲ့ မထွက်ရသေးတဲ့သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီသီချင်းကတော့ သူ့ရဲ့ချစ်သူ မော်ဒယ်Gigi Hadid ရဲ့ အကြောင်းကို သီဆိုထားတာဖြစ်မယ်ဆိုပြီး ခန့်မှန်းနေကြ ပါတယ်။
အသက် (၂၇)နှစ်အရွယ် One Direction အဖွဲ့ဝင်ဟောင်း Zayn ဟာ သီချင်းသစ်မထွက်တာ နှစ်နှစ်လောက် ရှိပြီဖြစ်ပါတယ်။ အခုပျံ့နှံ့ခဲ့တဲ့သီချင်းကတော့ “Hurt” ဆိုတဲ့ အချစ်သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ၂၀၁၇ ခုနှစ်က အသံသွင်းထားတာလို့ သိရပါတယ်။
သီချင်းထဲမှာတော့ နင်က ငါ့အကြောင်းကို အကောင်းဆုံးသိပြီး ငါ့ကို အနာကျင်ဆုံးဖြစ်အောင်လုပ်ခဲ့တယ်ဆိုတဲ့ စာသားတွေလည်း ပါဝင်တယ်။ Zayn နဲ့ Gigi တို့ဟာ ၂၀၁၅ ခုနှစ် ကတည်းက ချစ်သူဖြစ်ခဲ့ကြပြီး မကြာခဏဆိုသလို ပြတ်လိုက်ပြန်တွဲလိုက် ဖြစ်နေခဲ့တာပါ။
ပျံ့နှံ့လာတဲ့ ဒီသီချင်းကို နားထောင်အပြီးမှာတော့ Zayn ရဲ့ ပရိသတ်တွေက Gigi နဲ့ Zayn ကို သဘောမတူကြဘဲ Zayn က Gigi ထက်သာတဲ့ မိန်းကလေးနဲ့ပဲ ထိုက်တန်တယ်ဆိုတဲ့မှတ်ချက် အများအပြားရေးခဲ့ကြပါတယ်။