ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့ အစ်ကိုတစ်ယောက်နဲ့ပတ်သက်ပြီး အမှတ်တရတွေနဲ့အတူကြေကွဲဝမ်းနည်းနေခဲ့တဲ့ ပက်ထရစ်ရှာ
celegabar.com
|
2020-04-05



ကပြားဆန်ဆန်အလှတွေနဲ့ စတိုင်ကျလွန်းတဲ့ မော်ဒယ်လ်သရုပ်ဆောင် ပက်ထရစ်ရှာကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပက်ထရစ်ရှာကတော့ တစ်ချိန်ကအလုပ်အတူတူတွဲလုပ်ဖူးခဲ့တဲ့အစ်ကိုတစ်ယောက် ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားခဲ့တာနဲ့ပတ်သက်ပြီး ပူးဆွေးဝမ်းနည်းနေခဲ့တာပါ။ သူ့ရဲ့ခံစားချက်တွေနဲ့အတူအမှတ်တရတွေကို ဖေ့ဘွတ်ခ်မှာ ရင်ဖွင့်ရေးသားခဲ့တာပါ။




ပက်ထရီရှာကတော့ “Rest In Peace ကိုကြီးသော်တာရေ..အမြဲတမ်းဖော်ရွေပြုံးရွှင်ပြီးပျော်ပျော်နေတတ်တဲ့အကိုကဘယ်လိုစိတ်ဖိစီးမှုတွေ ဘယ်လောက်တောင်ကြီးမားတဲ့စိတ်ဒဏ်ရာတွေ အခက်အခဲတွေကြောင့်များကိုယ့်ကိုကိုယ် suicide လုပ်ခဲ့ရတာလဲ အကိုရယ်….ညီမလေး new face model ဘဝတုန်းကတည်းက magazine cover girl နေရာရအောင် cosmetic ကြေငြာတွေခေါ်ရိုက်ပေးခဲ့တာတွေ…TV channel အသစ် Fortune TV ကပြုလုပ်တဲ့ လော်စပီကာအစီအစဉ်ရဲ့ပထမဦးဆုံး female celebrity အဖြစ်ညီမလေးကိုကမ်းလှမ်းခဲ့တာတွေ… ပွဲတွေတက်ရဖို့ဖိတ်ကြားပေးခဲ့တာတွေ… အကိုကူညီပေးခဲ့သမျှအရာတွေအားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်Tv အစီအစဉ်ရိုက်မယ့်နေ့ကျမှ ညီမလေးမလာနိုင်တော့ဘူးဆိုလို့ဆူခဲ့တာလေးတွေတောင်ပြန်ကြားယောင်နေမိတယ်” လို့ အမှတ်တရတွေကို ပြန်လည် ရေးသားထားတာပါ။





ဒါ့အပြင် ဘယ်သူမှသတိမထားမိခဲ့တဲ့ သေဆုံးသူအစ်ကိုရဲ့အပြုအမူလေးတစ်ခုကိုလည်း “ရှာရှာလေးရေ” လို့အမြဲခေါ်တတ်တဲ့ကိုကြီးသော်တာရေ…အစ်ကိုချိန်းခဲ့တဲ့ profile picture ကအကို့ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာဘယ်သူမှသိခဲ့ကြဘူး အကို ကောင်းရာသုဂတိလားပါစေ… လို့ ဆက်လက်ပြီးရေးသားထားပါသေးတယ်။



သေဆုံးသူဟာ Fortune TV ရုပ်သံလိုင်းက အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေချိန်မှာ အခုလိုလုပ်ရပ်လုပ်သွားခဲ့တာဟာ တကယ့်ကိုမယုံနိုင်စရာပါပဲ။ ပက်ထရစ်ရှာကတော့ အမှတ်တရတွေလည်း ရှိခဲ့ဖူးတဲ့သူတစ်ယောက်ကအခုလိုလုပ်ရပ်ကိုလုပ်သွားခဲ့တာကြောင့် အံ့သြပြီးတော့ ဝမ်းနည်းနေခဲ့တာကြောင့် ပရိသတ်ကြီးကိုရင်ဖွင့်ခဲ့ပါပြီနော်…
Source : SueShaNaing,ChrisMoonThaw




Some text some message..