Blackpink အဖွဲ့ရဲ့ အငယ်ဆုံးလေး lisa အကြောင်းပြောရမယ်ဆိုရင်…
trend.com.mm
|
2020-04-06

ကေပေါ့ရဲ့ အောင်မြင်မှုအရဆုံးအဆိုတော်တွေထဲကမှ တစ်ယောက်အပါဝင် ဖြစ်ပြီး Blackpink ရဲ့ အဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်ပါတယ်။lisa ကို ၁၉၉၇ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ Buri Ram မြို့မှာ မွေးဖွားခဲ့ပြီး မိူရာသီဖွားဖြစ်ပါတယ်။




နာမည်ကတော့ Lalisa Manobanဖြစ်ပြီး မိခင်ကတော့ Manoban ဖြစ်ပြီး၊ဖခင်ကတော့ Marco Bruschweiler လို့ဖော်ပြထားပါတယ်။၂၀၁၆ ခုနှစ်မှာ အနုပညာလောကထဲသို့ စတင်ရောက်ခဲ့ပါတယ်။ အရပ် ၅ပေ ၅ လက်မရှိပြီး အလေးချိန်ကတော့ ၉၈.၅ ပေါင်ပဲဖြစ်ပါတယ်။ GOT’7 Bam Bam ကတော့ လီဆာရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ်။



YG အင်တာတိန်းမန့် ကို ၂၀၁၀ မှာ ဝင်ရောက်ခဲ့ပြီး ၅နှစ်နဲ့ ၃ လအကြာ လေ့ကျင့်နေခဲ့ပြီး
Blackpink ရဲ့ rap-singer အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ကိုရီးယားနှင့် ထိုင်းစကားအပြင် အင်္ဂလိပ်၊ဂျပန်နှင့် တရုတ်စကား(အခြေခံ) စတဲ့ဘာသာစကားတွေကိုလဲ ပြောနိုင်ပါသေးတယ်။လီဆာကတော့ ဂီတာလဲ ကောင်းစွာတီးနိုင်ပါသေးတယ်။

အကြိုက်ဆုံးအရောင်ကတော့ အဝါရောင်ဖြစ်ပြီး အကြိုက်ဆုံးနံပါတ်ကတော့ ၂၇ ဖြစ်ပါတယ်တဲ့။ ဘာကြောင့် ၂၇ ကြိုက်ရတာလဲဆိုရင် သူမရဲ့ မွေးနေ့ရက်က ၂၇ ဖြစ်နေတာကြောင့်ပါလို့ပြောပြထားပါတယ်။ Leo & Lvca လို့ခေါ်တဲ့ အချစ်တော်ကြောင်နှစ်ကောင်လဲ ရှိပါသေးတယ်။ ဂျပန် ဆူရှီကိုကြိုက်နှစ်သက်ပြီး ပြင်သစ်ဟန်ဘာဂါ၊ ချောကလတ်၊ ကိုကာကိုလာစတာတွေကတော့ အကြိုက်ဆုံး အစားအစာတွေပဲဖြစ်ပါတယ်။




Some text some message..