သရုပ်ဆောင်မင်းသမီးချောလေး သီရတီကတော့ ဒီနေ့မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စုပြီးလူအယောက်(၂၅၀)စာအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ သူကတော့ မန္တလာသူလေးဖြစ်ပြီး စွဲမက်ဖွယ်ခန္ဓာကိုယ်နဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားသူပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့ရပြီး ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်။
ဒီနေ့ညနေမှာတော့ မန္တလေးမြို့က အခြေခံလူတန်းစားတွေအတွက် လူအယောက်(၂၅၀)စာ ဆန်၊ဆီ၊ခေါက်ဆွဲခြောက်၊ကော်ဖီမစ်ထုတ်တွေကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ဒီအလှူလေးနဲ့ပတ်သက်ပြီး “လူအယောက် (၂၅၀)စာအတွက် အလှူလေးပြင်ဆင်နေပါပြီ… အစက သောကြာနေ့မှာလှူမလို့ပါ… ခုလှူရမယ့် ပစ္စည်းတွေအစုံရောက်လာပြီမို့ သူငယ်ချင်းတွေနဲ့အတူတူ ညနေသွားလှူမှာပါ.. ခုလိုအယောက်(၂၅၀)စာ လှူဒါန်းနိုင်အောင် အဖက်ဖက်ကပါဝင်လှူဒါန်းကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတင်ရှင်” ဆိုပြီးပါဝင်အားဖြည့်ပေးကြတဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
အခုလိုအချိန်မျိုးမှာတော့ ဝင်ငွေမရှိတော့မယ့်အခြေခံလူတန်းစားတွေရဲ့စားဝတ်နေရေးပြေလည်အောင် အနုပညာရှင်တွေကိုယ်တိုင်လည်း တစ်တပ်တစ်အားဝိုင်းဝန်းကူညီနေကြပါတယ်။ အနုပညာရှင်အများစုကတော ရန်ကုန်မှာနေထိုင်သူတွေဖြစ်ပြီး မန္တလာသူလေး သီရတီကတော့ မန္တလေးမြို့ကအနုပညာရှင်တစ်ယောက်အနေနဲ့ လူအယောက်(၂၅၀)စာစီစဉ်ပြီးလှူဒါန်းပေးသွားမယ့်အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။
Source – Thi Ra Tee
Rainbow- Cele Gabar