July လမှာထုတ်လွှင့်ပြသမယ့် Drama အသစ်မှာ အတူတူတွေ့ရတော့မယ့် Ong Seong Wu နဲ့ Shin Ye Eun
mystylemyanmar.com
|
2020-04-09

ကောင်မလေးတွေအသည်းစွဲ Ong Seong Wu နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Shin Ye Eun တို့ဟာဆိုရင် JTBC က ရိုက်ကူးမယ့် Drama အသစ်တစ်ခုမှာ တူတူသရုပ်ဆောင်သွားဖို့အတွက် ကမ်းလှမ်းခံထားရတာ အခုဆိုရင်တော့ အတည်ပြုလိုက်ပါပြီ။ ဒါ့အပြင် ဒီ Drama ကို July လလောက်မှာ ထုတ်လွှင့်ပြသွားမယ်လို့ အတည်ပြုပေးထားပါတယ်။




JTBC ရုပ်သံလိုင်းကနေ ဒီ Drama ကို အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားမှာပါ။ အပိုင်းကတော့ ထုံးစံအတိုင်း ၁၆ ပိုင်းပါ။ Drama ရဲ့နာမည်ကတော့ Chances of Going from Friends to Lovers ပါ။ ရိုက်ကူးမယ့် ဒါရိုက်တာကလည်း My ID Is Gangnam Beauty ကို ရိုက်ကူးတဲ့ ဒါရိုက်တာဆိုတော့ လူကြိုက်များမယ့် Drama ကောင်းတစ်ခု ဖြစ်လာမှာပါပဲ။ ပါဝင်မယ့်သရုပ်ဆောင်တွေကတော့ Ong Seong Wu နဲ့ Shin Ye Eun အပြင် Kim Dong Jun နဲ့ Pyo Ji Hoon တို့ကလည်း အဓိက Mian Role အနေနဲ့ ပါဝင်သွားမှာပါ။




လူငယ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပြီး Ong Seong Wu ကိုတော့ ဒီ Drama ထဲမှာ အရည်အချင်းရှိပြီး ချောမောတဲ့ Photographer “Lee Soo” အဖြစ်နဲ့ တွေ့ရမှာပါ။




Shin Ye Eun ကတော့ ဒီ Drama ထဲမှာ Calligrapher တစ်ယောက်ဖြစ်ပြီး သူမရဲ့အသက် ၁၈ နှစ်ထဲက “Lee Soo” ကို ၁၀ နှစ်ကြာအောင် တစ်ဖက်သတ် Crush ခဲ့ရတဲ့ ကောင်မလေး “Kyung Woo Yeon” အဖြစ်နဲ့ တွေ့ရမှာပါ။




သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဘယ်လိုတွေ ရိုမန်တစ်ဆန်ဆန်နဲ့ ချစ်စရာကောင်းအောင် ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာ တွေ့ရတော့မှာပါ။

source: www.soompi


The post

July လမှာထုတ်လွှင့်ပြသမယ့် Drama အသစ်မှာ အတူတူတွေ့ရတော့မယ့် Ong Seong Wu နဲ့ Shin Ye Eun appeared first on

MyStyle Myanmar .




Some text some message..