ဆယ်စုနှစ်(၂)ခုစာ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ ပျိုမေတို့ရဲ့အသည်းကို ဖမ်းစားထားနိုင်စဲ အဆိုတော်(သို့) စိုင်းစိုင်းခမ်းလှိုင်
celegabar.com
|
2020-04-10



ဒီနေ့ဧပြီလ(၁၀)ရက်နေ့လေးကတော့ နိုင်ငံကျော်အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူကတော့ ဧပြီ(၁၀)ရက် ၁၉၇၉ ခုနှစ်မှာဖွားမြင်သူဖြစ်တာမို့ ဒီနေ့မှာဆိုရင်တော့ အသက်(၄၁) နှစ်ခဲ့ပြီဖြစ်သော်လည်း အသက်(၁၈) နှစ်လူငယ်လေးတစ်ယောက်လို အမြဲလန်းဆန်းနုပျိုနေတာကလည်း ငြင်းမရတဲ့အချက်တစ်ခုပါပဲ။ စိုင်းစိုင်းကိုတော့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့လေးမှာ မွေးဖွားခဲ့ပြီး မွေးချင်းလေးယောက်မှာ သူကတော့ အကြီးဆုံးသားဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်ရဲ့အဖိုးဖြစ်သူကတော့ မြန်မာ့သမိုင်းမှာ သင်ကြားခဲ့ရတဲ့ ရဲရဲတောက်ဇာနည်ဖွား မိုင်းပွန်စော်ပွားကြီးစဝ်စံထွန်း ဆိုတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။





စိုင်းစိုင်းကတော့ တောင်ကြီးမြို့ အ.ထ.က(၁)၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် စတာတွေမှာ ပညာသင်ကြားခဲ့ပြီး (၁၉၉၆)ခုနှစ်ကစလို့ ဂျွန်လွင်ရဲ့ မော်ဒယ်လ်အေဂျင်စီကနေ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာသူပါ။ (၂၀၀၀)ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံးတေးစီးရီး ချောကလက်ရောင်ရေခဲအိပ်မက်ကို ထွက်ရှိခဲ့ပေမယ့် ပရိသတ်အားပေးမှုမရရှိခဲ့ပါဘူး။ မလျော့တဲ့ဇွဲလုံ့လနဲ့ ထပ်မံပြီးတော့ သူငယ်ချင်းများစွာ၊ ဝမ်းနည်းမှတ်တမ်းစတဲ့အခွေတွေကို ပရိသတ်ဆီပို့ပေးပြီးနောက်မှာတော့ ဆက်တိုက်ဆိုသလို အောင်မြင်မှုရရှိလာခဲ့တာ ယနေ့အချိန်ထိလို့ ဆိုရမှာပါ။ ဒါ့အပြင် စိုင်းစိုင်းကတော့ စာရေးတာလည်း ဝါသနာထုံသူဖြစ်ပြီး စက္ကူငှက် နဲ့ ကံကိုဆွဲ၍မှုန်းသီခြယ် မှင်ရည်ကျဲ၏ မကျဲ၏ ဆိုတဲ့ဝတ္ထုစာအုပ် နှစ်အုပ်ကိုလည်း ထွက်ရှိထားပါသေးတယ်။





အနုပညာနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံမှာ ဝါသနာပါသူတစ်ယောက်မို့ သရုပ်ဆောင်ပိုင်းကိုလည်း ကြိုးစားခဲ့ပြီး သရုပ်ဆောင်နယ်ပယ်မှာလည်းအောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။ အစပိုင်းမှာ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေများစွာခံခဲ့ရပေမယ့် အခုဆိုရင်တော့ တိုးတက်လာတဲ့သရုပ်ဆောင်အရည်အချင်းကြောင့် နောက်ဆုံးရုံတင်ပြခဲ့တဲ့ ပိတောက်ကတဲ့ဂီတဇာတ်ကားမှာဆိုရင်လည်း ပရိသတ်အားပေးမှုအကြီးအကျယ်ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် စီးပွားရေးအနေနဲ့လည်း Frenzo Production နဲ့ Sai Cosmetix ဆိုပြီးလည်း တစ်ဖက်တစ်လမ်းက လုပ်ကိုင်နေပါသေးတယ် ပရိသတ်ကြီးရေ…





နှစ်စဉ်နှစ်တိုင်း ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာလည်း Birthday Show ကျင်းပကာပရိသတ်တွေနဲ့အတူတူ အချိန်ကုန်ဆုံးလေ့ရှိသူဖြစ်ပေမယ့် ဒီနှစ်မှာတော့ Covid-19 ကြောင့် လုပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် UAB Pay Application ကနေတဆင့် Sai Sai’ Show In Bedroom အစီအစဉ်လေးနဲ့ ဒီနေ့ညမှာလည်း ချစ်ရတဲ့ပရိသတ်ကြီးနဲ့ထိတွေ့သွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့ကတော့ စိုင်းစိုင်းရဲ့မွေးနေ့လေးဖြစ်တာမို့ သူ့ရဲ့ဖြတ်သန်းလာခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကို စိုင်းစိုင်းရဲ့ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။




Source – Sai Sai Kham Leng’ Wikipedia
Rainbow- Cele Gabar





Some text some message..