ဂန္ဓဝင်ပိတောက်မင်းသမီးခင်သန်းနုရဲ့ Iconic သင်္ကြန်ဖက်ရှင်
moda.com.mm
|
2020-04-10

အတာကူးတဲ့တန်ခူးအချိန်အခါမှာ ဘယ်လောက်လန်းတဲ့ ဖက်ရှင်အသစ်တွေပေါ်ပေါ်၊ ဘယ်လို ဒီဇိုင်းတွေပဲ Trendy ဖြစ်နေပါစေ၊ တစ်ချိန်မြန့်မာရုပ်ရှင်လောကမှာ ထွန်းတောက်ခဲ့တဲ့ သင်္ကြန်မင်းသမီးကြီးတွေရဲ့ သင်္ကြန်ဖက်ရှင်တွေကိုတော့ လိုက်မှီနိုင်မယ်မထင်ပါဘူး။ အားလုံးက သင်္ကြန်မင်းသမီးလို့ ပြောလိုက်ရင် မင်းသမီးကြီး ခင်သန်းနု၊ မေသန်းနု၊ စံရှားတင်၊ ဒေစီကျော်လင်း တို့ကို ပြေးမြင်မိမှာ အသေချာပါပဲ။
၁၉၇၀-၁၉၈၀ ဝန်းကျင် သင်္ကြန်ကာလများရဲ့ Puffy Sleeve တွေ၊ Shoulder Pads တွေ၊ ပွင့်ရိုက်အထည်တွေ၊ ထဘီအတိုတွေ နဲ့ ပိတောက်ပန်းတွေက သင်္ကြန်ဖက်ရှင်တို့ရဲ့ပြယုဂ်ကို အလှပဆုံးဖော်ကျူးခဲ့ကြတဲ့ ဖက်ရှင်တွေပဲ မဟုတ်လား။
ဒီလိုဆို စိတ်ဝင်စားစရာကောင်းတဲ့ ပိတောက်မင်းသမီး ခင်သန်းနုရဲ့ ဖက်ရှင်တွေနဲ့ ဘယ်လို ဝတ်စားပုံတွေက သူ့ရဲ့ Signature Style တွေဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်။




အရမ်းလှတဲ့မင်းသမီးကြီးခင်သန်းနုရဲ့ ဖက်ရှင်တွေကတော့ အပြစ်ပြောစရာမရှိအောင်ကို ကျက်သရေရှိပါတယ်။ Floral Print ပွင့်ရိုက်ချည် ရင်ဖုံးလေးနဲ့ လက်စကလေးကို ဝတ်ဆင်ထားပါတယ်။ အဲ့ခေတ်က ထဘီနဲ့ အင်္ကျ ီနှစ်ခုလုံးကို ပွင့်ရိုက် Pattern တွေနဲ့ ဝတ်တာခေတ်စားခဲ့တာမို့ Trendy အဖြစ်ဆုံးအပြင်အဆင်တွေထဲက တစ်ခုပါ။




ဒါလေးကလည်း ခင်သန်းနုရဲ့ ချစ်စရာကောင်းတဲ့ Outfit လေးတစ်ခုပါ။ ရင်ခံအဖြူလေးကိုအပေါ်က လက်တို မှန်ဇာနဲ့ ချုပ်လုပ်ထားတဲ့ Top လေးပါ။ ထဘီကိုတော့ ပိုးဖဲသား အပွင့်ကြီးကြီးထဘီလေးကို ဝတ်ဆင်ထားပါတယ်။




မင်းသားနေအောင်နဲ့ သင်္ကြန်မိုးဇာတ်ကားမှာလည်း Graphic Print ဝမ်းဆက်လေးကလည်း အမြင်တစ်မျိုးနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။ ဇာလည်စည်းအပြာလေးနဲ့ ခေါင်းမှာချည်ထားတဲ့ ဖဲပြားအပြာရောင်လေးကလည်း ခင်သန်းနုရဲ့အလှကို ပံ့ပိုးပေးပါတယ်။




ဒါကလည်းသင်္ကြန်မိုးဇာတ်ဝင်ခန်းထဲက အပြင်အဆင်လေးတစ်ခုပါ။ လိမ္မော်ရောင် ဝမ်းဆက်အဆင်လေးကို ရိုးရိုးရှင်းရှင်းပုလဲဆွဲကြိုးလေးနဲ့ အလှဆင်ထားတာက ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြင်အေးစေပါတယ်။




ကညာပျိုနဲ့ ဇရာအိုရုပ်ရှင်ပိုစတာမှာတော့ ခင်သန်းနုရဲ့ Retro ဆန်တဲ့ ဖက်ရှင်ကိုမြင်တွေ့ရမှာပါ။ Prasely Print Neck Collar နဲ့ လက်ရှည် Top လေးက ခေတ်မီပြီးလူငယ်ဆန်ပါတယ်။




ဒီ Outfit လေးကတော့ Editor အကြိုက်ဆုံး Outfit လို့ပြောလို့ရပါတယ်။ ထွင်းဖောက်မြင်ရတဲ့ Embroidered Lace ဇာလက်ရှည်ရင်ဖုံးလေးနဲ့ သူမရဲ့ Signature ပွင့်ရိုက် ထဘီလေးက ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ပြီးသွားတော့ အပေါ်က ခေါင်းစည်းပဝါလေးကလည်း ထိုခေတ်အချိန်က မြန်မာ့ရုပ်ရှင်လောကတင်မကပဲ Hollywood မင်းသမီးတွေပါနှစ်သက်တဲ့ Accessory တစ်ခုပါ။




Some text some message..