ဘဝသမား Rapper တွေဖြစ်ကြတဲ့ MC ကယားလေး၊MCကျားကြီး နဲ့ Min Z တို့ကတော့ နိုင်ငံကျော်အဆိုတော်ယုန်လေးက အိမ်အကူမလေးအတွက် ကူညီချင်ကြောင်း ပိုစ့်တင်ပြီးနောက်မှာတော့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းခဲ့တဲ့အကြောင်းကို “လူဆိုတာ စိတ်နဲ့ပဲ ဆိုင်ပါတယ် .ဆေးရုံတက်နေရတဲ့ အိမ်အကူ ညီမလေးကို ကူမယ့် Post တင်တယ် သူတို့ တတ်နိုင်သလောက် ကူချင်တယ်ပေါ့
အများကြီး မတတ်နိုင်တော့ သူတို့ အားငယ်တယ် နည်းတာ များတာ က အဓိက မှမဟုတ်တာ ကျွန်တော်စိတ်ထဲ လည်း မကောင်းဘူး ပီတိလည်း အရမ်းဖြစ်တယ် Rap Skill တွေ ဘာတွေက နောက်မှ ကျွန်တော်ကူညီလိုက်တဲ့ညီလေးတွေက ကျွန်တော်လို စိတ်တွေပဲ ကယားလေး နဲ့ ကျားကြီးက တစ်ယောက် (၁)သောင်း Min Z ညီလေးက (၇) ထောင် တကယ် ဝမ်းသာတယ် သူတို့လေးတွေမှာ အဲ့စိတ်တွေရှိနေတာကို ညီလေးတို့ တွေလည်း ဒီထက်လေ့လာပြီး အနုပညာလမ်းကြောင်းမှာ အောင်မြင်ပါစေကွာ” လို့ယုန်လေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဘဝသမား Rapper တွေဖြစ်ကြပြီး အခြေခံလူတန်းစားထဲမှာပါဝင်တဲ့ MCကယားလေးနဲ့MCကျားကြီးတို့က တစ်ယောက်ကို (၁)သောင်း ပါဝင်လှူဒါန်းခဲ့ပါသေးတယ်။ လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ရောဂါကပ်ပိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရင်တောင် အလုပ်မနားနိုင်ဘဲ အိမ်မှာရှိတဲ့ မိသားစုဝင်(၈)ယောက်အတွက် ရုန်းကန်ကြိုးစားနေတဲ့ Min Z ကလည်း တတ်နိုင်တဲ့ (၇)ထောင်ကို ပါဝင်ကူညီလှူဒါန်းခဲ့ပါသေးတယ်နော်။
CeleGabar ပရိသတ်ကြီးရေ အခြေခံလူတန်းစားထဲမှာပါဝင်ပြီး ကိုယ်တိုင်ရုန်းကန်ကြိုးစားနေရတဲ့ ဘဝသမား Rapper တွေဖြစ်ကြတဲ့ MC ကယားလေး၊MCကျားကြီး နဲ့ Min Z တို့ကလည်း အများကြီး မတတ်နိုင်ပေမယ့် တတ်နိုင်သလောက်လေး အိမ်အကူမလေးကို ကူညီတဲ့နေရာမှာ ပါဝင်လှူဒါန်းခဲ့ပါသေးတယ်နော်။ ပရိသတ်ကြီးရေ ကိုယ်တိုင်ရုန်းကန်ကြိုးစားနေရတဲ့ ဘဝသမား Rapper တွေဖြစ်ကြပေမယ့် လိုအပ်နေတဲ့ သူကိုတတ်နိုင်တဲ့ဘက်ကပါဝင်လှူဒါန်းတဲ့ သူတို့ရဲ့ စိတ်ထားလေးကတော့ လေးစားစရာပါပဲနော်။
Source: Yone Lay
DarDar-CeleGabar