ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာရဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှုဖြစ်တဲ့ သင်္ကြန်သီချင်း MTV လေး
celegabar.com
|
2020-04-13



အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ရဲ့သားသမီးနှစ်ယောက်ဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာကတော့ မိခင်ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံကြမယ့် သူတွေပါ ။ သမီးငယ်လေး ထင်သစ္စာကတော့ ကျောင်းတဖက်နဲ့မလို့အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်းမရှိသေးပေမယ့် ဒီတစ်ခေါက်မှာတော့ သူမရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုလေးကို ပရိသတ်တွေကို ချပြလာခဲ့ပါတယ် ။ ဒီနှစ်အတွက်..သင်္ကြန်အမှတ်တရ သီချင်းလေး ဖြစ်တဲ့ နှစ်ဦးအတာ ဆိုတဲ့ ကိုယ်ပိုင်သင်္ကြန်သီချင်းလေး တစ်ပုဒ်ကို V7 Entertainment ကနေတဆင့်ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။






နှစ်ဦးအတာ ဆိုတဲ့သင်္ကြန်သီချင်းလေးကို တေးရေး ဦးစိန်ရဲမောင် ကရေးစပ်သီကုံးပေးထားတာဖြစ်ပြီး တေးဆို ဇံဟိန်းနဲ့ သရုပ်ဆောင် ထွန်းဝီရ ၊ သဲနန္ဒာစိုး ၊ ထင်သစ္စာ တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ် ။ ဒီသီချင်းလေးကို ပုံဖော်ရိုက်ကူးပေးတဲ့သူကတော့ ဒါရိုက်တာ ကိုမော်ကြီး ( 7th Sense Creation )မှဖြစ်ပါတယ် ။ ထင်သစ္စာကိုချစ်ကြတဲ့ ချစ်ပရိသတ်ကြီးကလည်း ထင်ထင်ရဲ့ သင်္ကြန်သီချင်း MTV လေးကို စောင့်မျှော်နေကြမယ်ထင်ပါတယ်နော် ။ ထင်ထင်လေးရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုဆိုပေမယ့်လည်း ချစ်စဖွယ် သရုပ်ဆောင်ထားတာလေးကို ပရိသတ်တွေက နှစ်ခြိုက်သဘောတွေ့ခဲ့ကြပါတယ် ။






Cele Gabar ပရိသတ်ကြီးအတွက် ထင်သစ္စာရဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှု ဖြစ်တဲ့ နှစ်ဦးအတာဆိုတဲ့ သင်္ကြန်သီချင်း MTV လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ထင်သစ္စာကိုချစ်ကြတဲ့ ချစ်ပရိသတ်ကြီးကလည်း ထင်ထင်ရဲ့ အနုပညာလှုပ်ရှားမှုလေးနဲ့ပတ်သက်ပြီး ဝေဖန်ပေးကြပါဦးနော် ။


Source : 7th Sense Creation
Emily (Cele Gabar)




Some text some message..