နှစ်သစ်မှာ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းတွေ တောင်းပေးခဲ့တဲ့ နေရည်ဝင်းလဲ့
celegabar.com
|
2020-04-17



MRTV -4 က ထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာထဲက ကျွန်တော်အမုန်းဆုံး ကျွန်တော် ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ် ။ အိမ်ထောင်ရေးဇာတ်ကားလေးတစ်ကားဖြစ်ပြီး အိမ်ထောင်ရှိသူကိုမှ ချစ်မိတဲ့ ယင်းမာဆိုတဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နေရည်ဝင်းလဲ့ ကတော့ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေအားပေးဝန်းရံနေကြတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ် ။






ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်သလို မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးဖြစ်တဲ့အတွက် အနုပညာရှင်တွေတော်တော်များများက ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းတွေ တောင်းပေးနေကြတာတွေ့ရပါတယ် ။ ပရိသတ်အချစ်တော် ယင်းမာလေးကတော့ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ. ဘေးဘယာတွေ ကင်းကွာပါစေ..ကပ်ရောဂါဆိုးကြီး အန္တရာယ်ကနေလည်း အမြန်ဆုံးကင်းဝေနိုင်ကြပါစေလို့နေရည် ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်. မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေရှင့် ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို တလေးတစားနဲ့ နှစ်သစ် ဆုမွန်ကောင်းတောင်းပေးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးထားတာပါ ။






ချစ်ရတဲ့ ပရိသတ်ကြီးကလည်း နေရည်အတွက် ချစ်စရာကောင်းတဲ့ နှစ်သစ်ဆုမွန်ကောင်းလေးတွေ ပြိုင်တူပေးထားကြတာကို ကြည်နူးဖွယ်တွေ့မြင်ရပါတယ် ။ နေရည်ဝင်းလဲ့ ကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် နေရည်ရဲ့ နှစ်သစ်ဆုမွန်ကောင်းဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Nay Yee Win Lai
Emily (Cele Gabar )




Some text some message..