JJလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ထိုင်းမင်းသားချောလေးJames Jirayu ရဲ့ ဖက်ရှင်များ
mystylemyanmar.com
|
2020-04-23
ထိုင်းဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ပျိုမေလေးတွေအတွက်တော့ James Jirayu ကိုမသိသူမရှိလောက်ဘူးထင်ပါတယ်နော်။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်ယောက်လည်းဖြစ်ပြီး ချစ်စရာကောင်းလွန်းပြီးချွဲစိန်လေးလို့အမည်တွင်နေတဲ့ James အကြောင်းလေးကို နည်းနည်းပြောပြပေးချင်ပါတယ်နော်။
အခုနောက်ပိုင်း အရမ်းကို နာမည်ရလာပြီး ပရိသတ်တွေ သည်းသည်းစွဲ အားပေးခြင်း ခံရသူလည်းဖြစ်ပါတယ်။
ချိုလွန်းတဲ့ကလေးမျက်နှာလေးနဲ့ အရမ်းလန်းတဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေ၊ စတိုင်လ်တွေကြောင့် မိန်းကလေး ပရိသတ်တွေပိုပြီး ကြွေရတယ် ဆိုလည်းမမှားပါဘူး။
အားလုံး က ချစ်စနိုးနဲ့ JJ လို့ ခေါ်ကြပြီး စက်တင် ဘာလ(၁၉) ရက်နေ့ ၁၉၉၃ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ နာမည်အရင်းကတော့ Jirayu Tangsrisuk ဆိုပေမယ့် အနုပညာ နာမည်ကတော့ James Jirayu ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် ၊မော်ဒယ်၊ အဆိုတော် တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေသူဖြစ်ပြီး မင်းသမီးချောလေး Taew နဲ့တွဲဖက်ရိုက်ကူးထားတဲ့ Leh Bunpakarn ဇာတ်ကားကောင်းလေးကို ထုတ်လွှင့်ပြသ နေတာဖြစ်ပါတယ်။
သူရဲ့ဖက်ရှင်တွေကလည်း ရိုးရှင်းပြီး အမိုက်စား ဖက်ရှင်တွေဖြစ်ပါတယ်နော်။ အဲဒီထဲကမှ စာဖတ်သူတို့ သဘောကျမယ့် JJရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေး နဲ့smartကျလွန်းတဲ့သူရဲ့ ဖက်ရှင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
Photo: www.pinterest.com
The post
JJလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ထိုင်းမင်းသားချောလေးJames Jirayu ရဲ့ ဖက်ရှင်များ
appeared first on
MyStyle Myanmar
.
#ဖက်ရှင်
#ချစ်စနိုး
#ချစ်စရာ
#မင်းသား
#လေးမျက်နှာ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်