ဦးကျော်သူနာရေးကူညီမှုအသင်းအတွက် အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တဲ့ခင်ပိုးပန်းချီ
celegabar.com
|
2020-04-24



ခင်ပိုးပန်းချီဆိုတာနဲ့ အေးချမ်းတည်ငြိမ်လွန်းလှတဲ့ဘုရားပေးတဲ့အသံလေးနဲ့ ဓမ္မတေးတွေ သီဆိုနေတဲ့ တေးသံရှင် ဆိုတာကို ပရိသတ်တွေ အားလုံး သိပြီးဖြစ်မှာပါ ။ ပထမတန်း အရွယ်ထဲက ဆို၊ က ၊ ရေး ၊ တီး မှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း (၂၃) ခုရရှိခဲ့တဲ့ ပါရမီရှင် လေးတစ်ယောက်ပဲဖြစ်ပါတယ် ။ တရားပွဲ တွေနဲ့ အလှူပွဲတွေမှာ အမြဲလိုလို တရားတောင်းနဲ့ အလှူတော် မင်္ဂလာတေးသီချင်းလေးတွေကို သီဆိုလေ့ရှိပြီး သူမရဲ့အေးချမ်းလွန်းတဲ့အသံလေးကြောင့် ပရိသတ်တွေ သတိထားမိခဲ့ကြပြီး အားပေးမှုရရှိလာခဲ့တာပါ ။






အလှူမင်္ဂလာပွဲတွေ ၊ တရားဓမ္မပွဲတွေနဲ့ မစိမ်းတဲ့ သူမကတော့ ကုသိုလ်ရေးနဲ့လည်း အလှမ်းမဝေးပါဘူးနော် ။ မကြာခဏ ဆိုသလို သူမရဲ့ အနုပညာကြေးလေးနဲ့ အလှူအတန်းတွေ ပြုလုပ်တတ်သလို မိခင်ဖြစ်သူကိုလည်း ကျေးဇူးဆပ်လေ့ရှိတဲ့လိမ္မာရေးခြားရှိသူလေးပါ ။ လတ်တလောမှာတော့ (၂၄.၄.၂၀၂၀) ကြာသပတေးနေ့ ဒီနေ့မှာ ခင်ပိုးပန်းချီဟာ ဦးကျော်သူ နာရေးကူညီမှုအသင်းအတွက် အလှူငွေ ၂၀၀,၀၀၀/- ( နှစ်သိန်းကျပ်တိတိ) လှူဒါန်း ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ် ။ သူမရဲ့အလှူပုံရိပ်လေးတွေကိုတော့ ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ် ။






ခင်ပိုးပန်းချီကလည်း ” မဂ်လာပါရှင် သမီးဒီနေ့ ဦးကျော်သူ နာရေးကူညီမှု့အသင်းအတွက် ကိုကြီးဇွဲလရောင်ရဲ့ကူညီပေးမှု့နဲ့သွားရောက်လှူဒါန်းခဲ့ပါတယ် သမီးရဲ့ချစ်ပရိသတ်ကြီးအားလုံး ကြည်နူးစွာနဲ့ သာဓုခေါ်ပါရှင် ဦးကျော်သူနဲ့ကိုကြီးဇွဲလရောင်ကိုကျေးဇူးတင်ပါတယ် ရှင် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ပရိသတ်တွေအတွက် သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးထားပါသေးတယ် ။ ခင်ပိုးပန်းချီရဲ့ ပရိသတ်ကြီးကလည်း သူမရဲ့ မွန်မြတ်တဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးပါဦးနော် ။


Source : Khin Poe Panchi
Emily (Cele Gabar)




Some text some message..