(၂၀၀၅)ခုနှစ်ထွက်ခဲ့တဲ့ စပ်မိစပ်ရာ သီချင်းရဲ့ ရာဇဝင်ကို ပြောပြလာတဲ့ စိုင်းစိုင်း
celegabar.com
|
2020-04-25



နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်စုနှစ်(၂)စုကျော်ကြားအောင်မြင်မှုကို ထိန်သိမ်းထားနိုင်ပြီး သူ့သီချင်းခွေတွေကိုတော့ (၂၀၀၀)ခုနှစ်ထဲက ထွက်ခဲ့တာကြောင့် ယခုဆိုရင် အနှစ်(၂၀)ပြည့်သွားပြီလည်းဖြစ်ပါတယ်။ စိုင်းစိုင်းဟာ Stay Home နေရင်း ဖြတ်သန်းခဲ့တဲ့ ခေတ်အဆက်ဆက်မှာ သူ့ရေးခဲ့ဆိုခဲ့တဲ့သီချင်းတွေရဲ့ ရာဇဝင်ကိုပြောပြသွားမှာပါတဲ့။သူကတော့ သူ့သီချင်းတွေကို (၁) တိုက်ရိုက်ကော်ပီသီချင်းတွေ (၂) မှီငြမ်းထားတဲ့ သီချင်းတွေ (၃) သီချင်းဟောင်းရဲ့ တီးလုံး(သို့)Chorus ပေါ်မှာ Rap ပြန်လုပ်ထားတဲ့သီချင်းတွေနဲ့ (၄) Original ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဆိုပြီး အမျိုးအစား(၄)မျိုးရှိကာ နောက်ပိုင်းမှာတော့ ဂီတပညာရှင်တွေနဲ့ ပေါင်းပြီး Original တွေပဲလုပ်ဖို့ကြိုးစားနေပါတယ်တဲ့နော်။




စိုင်းစိုင်းကတော့ သူ့ရဲ့ (၂၀၀၅)ခုနှစ်ကထွက်ခဲ့တဲ့ စိုင်းစိုင်းဟုခေါ်သည် သီချင်းခွေထဲက စပ်မိစပ်ရာ သီချင်းရဲ့ ရာဇဝင်ကိုလည်း “ဒီသီချင်းက (၂၀၀၅) မှာထွက်တဲ့ စိုင်းစိုင်းဟုခေါ်သည်ထဲကပါ တီးလုံး Beat က အဆိုတော် “ရသ” တီးပေးထားတာဖြစ်ပြီတော့ Rap Flow နဲ့ စာသားတွေက ကျနော့်ကိုယ်ပိုင်လက်ရာပါ (သူများအကြောင်းလည်းမပြောတတ်ပါဆိုတာက အရပ်ထဲမှာ ကြားဖူးနေကြစကားစုပေါ့ ) အဲတုန်းက လင်းပင်ဟိန်းရဲ့ ကမ္ဘာအေးလမ်းက Studio မှာတီးတာ ကျနော့်ဘဝ တလျှောက်လုံး ကောလဟလရော အပြောခံရတာရောများတော့ စိတ်အချဉ်ပေါက်ပြီးရေးထားတာ မှတ်မှတ်ရရ ကိုမျိုးကျော့အိမ်မှာ လုပ်စရာမရှိ ငေါင်နေရင်း တထိုင်တည်း ရေးဖြစ်သွားတာ စရေးတုန်းက ဘာတီးလုံးမှမရှိသေးဘူး ဒီတိုင်းRap စာသားချည်းပဲ ကျနော့်စိတ်ထဲမတော့ စာသားတွေကို အခုထိကျေနပ်နေတုန်းပဲ ဂျာနယ်ဆိုတဲ့စကားလုံးနေရာကိုတော့ Facebook လို့ပြောင်းရမှာပေါ့နော့ဒါရိုက်တာဇော်ကိုကိုရိုက်ပါတယ် ရန်ကင်းက ခင်ဘုဏ်းတို့အိမ်ရှေ့လမ်းမှာသွားရိုက်ထားတာ ကျနော်တို့ဟန်ပန်တွေက အခုခေတ်မျက်စိနဲ့တော့ တစ်မျိုးဖြစ်နေမယ် ဒါပေမဲ့ အဲ့ဒီခေတ်တုန်းက အဲဒီ ဒီဇိုင်းတွေကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးကို ဝတ်ပြီး ကြွယ်ခဲ့တာပေါ့ဗျာ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ (၂၀၀၅)ခုနှဏ်မှာထွက်ခဲ့တဲ့ စိုင်းစိုင်းဟုခေါ်သည် သီချင်းခွေထဲက စပ်မိစပ်ရာ သီချင်းကိုတော့ သူကိုယ်တိုင်ရေးထားပြီး တီးလုံး Beat က အဆိုတော် “ရသ” တီးပေးထားတာပါတြ့။ ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ စပ်မိစပ်ရာ သီချင်းလေးကို ပြန်လည်နားဆင်ရအောင် မျှဝေလိုက်ပါတယ်။


Source: Sai Sai Kham Leng
DarDar-CeleGabar




Some text some message..