နာမည်ကြီးထိုင်းမင်းသမီးချောလေးKimmy Kimberley ရဲ့ အမိုက်စားဖက်ရှင်များ
mystylemyanmar.com
|
2020-04-28

အားလုံးပဲမဂ်လာပါနော်။ ဒီနေ့ပြောပြပေးချင်တာကတော့ ထိုင်းဒရာမာချစ်သူတိုင်းသိတဲ့ အရမ်းရေပန်းစားပြီး ကျော်ကြားနေတဲ့ ထိုင်းမင်းသမီးလေး Kimmy Kimberley Anne Woltemas ရဲ့ အကြောင်းကို တစေ့တစောင်းလေးပြောပြပေးချင်ပါတယ်။




Kimmy ဟာဆိုရင် ထိုင်းနဲ့ ဂျာမန်စပ်ထားတဲ့ ချောမောလှပတဲ့ကပြားမလေးတစ်ယောက်ဖြစ်ပြီး အစ်မနှစ်ယောက်နဲ့ အကိုတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အငယ်ဆုံးသမီးလေးလည်းဖြစ်ပါတယ်နော်။ သူမရဲ့မွေးနေ့ကတော့ ဇန်နဝါရီလ (၂၂) ရက်နေ့(၁၉၉၂) ခုနှစ်ပဲဖြစ်ပါတယ်။






Kimmy လို့ပြောလိုက်တာနဲ့ Mark Prin ကိုပါတွဲသိနေရလောက်အောင်လည်း ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲဖြစ်ပါတယ်နော်။ အရမ်းလိုက်ဖက်ပြီး အရမ်းချစ်စရာ ကောင်းတဲ့ စုံတွဲ လေးမို့ သူတို့နှစ်ယောက်ကို ထိုင်းပရိသတ်တွေ သာမကပဲ အာရှ ပရိသတ်တွေ အကုန်လုံးပါ ချစ်ခင်အားပေးကြတာပါ။ နှစ်ယောက်စလုံးကလည်း အနုပညာလောကရဲ့ ထိပ်တန်း မင်းသား၊ မင်းသမီးတွေပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Fan တွေလည်း ရှိသလို သူတို့နှစ်ယောက်တွဲလိုက်မှ သူတို့ကို ပိုချစ်ပြီး တိုးလာတဲ့ Fan လည်း ရှိပါတယ်။ ဒါ့အပြင် သူမရဲ့ဝတ်ဆင်ပုံဖက်ရှင်များကလည်း မိန်းကလေးတိုင်းသဘောကျရအောင် ချစ်စရာကောင်းပြီး တကယ့်အလန်းစား ဖက်ရှင်များဖြစ်ပါတယ်နော်။ Kimmyရဲ့ ကြော့ရှင်းလှပလွန်းတဲ့ ကိုယ်ခန္ဓာနဲ့ လိုက်ဖက်လွန်းတဲ့သူမရဲ့ဖက်ရှင်များကို အတူတူကြည့်ကြရအောင်နော်..





























Photo Source; Pinterest

By MyStyle Myanmar


The post

နာမည်ကြီးထိုင်းမင်းသမီးချောလေးKimmy Kimberley ရဲ့ အမိုက်စားဖက်ရှင်များ appeared first on

MyStyle Myanmar .




Some text some message..