Covid-19 ကိုအားလုံးကျော်ဖြတ်နိုင်ကြစေဖို့ ခွန်အားပေးသီချင်းလေးကို သီဆိုခဲ့ကြတဲ့ The Mask Singer Myanmar အဖွဲ့သားများ
celegabar.com
|
2020-04-16



The Mask Singer Myanmar Season 1 မှ အနုပညာရှင်ညီအစ်ကိုမောင်နှမ များစုပေါင်းပြီး “သူငယ်ချင်းလည်းကျန်းမာပါစေ” ဆိုတဲ့ခွန်အားပေးသီချင်းလေးတစ်ပုဒ်ကို The Mask Singer Myanmar Page ကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီသီချင်းလေးကိုစေတနာမေတ္တာတွေ အပြည့်နဲ့သီဆိုပေးတဲ့ အနုပညာရှင်တွေကတော့ မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အနုပညာရှင်တွေပဲဖြစ်ပါတယ်။







ဒေါင်းမျက်နှာဖုံးရှင် ဆင်ပေါက်၊ ကျားမျက်နှာဖုံးရှင် ပိုင်တံခွန် ၊ ရေခဲမုန့်မျက်နှာဖုံးရှင် နန်းခင်ဇေယျာ ၊ နာနတ်သီးမျက်နှာဖုံးရှင် လိမ္မော်သီး ၊ ဇော်ဂျီ မျက်နှာဖုံးရှင် ဝေကြီး ၊ Piggy မျက်နှာဖုံးရှင် နေနေ ၊ ရုပ်သေးမျက်နှာဖုံးရှင် အိစိကွေး ၊ ပင်လယ်ဓါးပြမျက်နှာဖုံးရှင် ဟဲလေး ၊ ဇီးကွက် မျက်နှာဖုံးရှင် ဟန်သီ ၊ ဖရဲသီးမျက်နှာဖုံးရှင် ကေကေမိုး ၊ ဂြိုလ်သားမျက်နှာဖုံးရှင် အုပ်စိုးခန့် ၊ သီးမွှေးမျက်နှာဖုံးရှင် ပိုပိုဟေသာတို့က ချစ်ခြင်းမေတ္တာတွေနဲ့အတူ ပရိသတ်တွေအတွက် ခွန်အားပေးသီဆိုပေးခဲ့ကြတာပဲဖြစ်ပါတယ် ။ Covid19 ကြောင့်အိမ်မှာနေပီးဘယ်မှ သွားလို့မရတဲ့ ပရိတ်သတ်ကြီးတို့အတွက်အိမ်မှာနေနေရင်းခွန်အားဖြစ်စေမဲ့ ဒီသီချင်းလေးကိုတော့ ပင်လယ်ဓားပြ မျက်နှာဖုံးရှင် ဟဲလေး မှရေးစပ်ထားတာပဲဖြစ်ပါတယ် ။







စည်းကမ်းတွေလိုက်နာ တစ်နေ့အောင်မြင်ဖို့မဝေးတော့ပါ စိတ်မပူပါနဲ့ ကျော်ဖြတ်နိုင်မှာပါ ဆိုတဲ့ ကျန်းကျန်းမာမာနေပြီး ဒီအခြေနေဆိုးကြီးကို ကျော်ဖြတ်နိုင်ဖို့ ခွန်အားပေးထားတဲ့ စာသားလေးတွေအတိုင်း ပရိသတ်တွေအားလုံး ကျန်းကျန်းမာမာနဲ့ သောကင်းဝေးတဲ့ မနက်ဖြန်အမြန်ဆုံးရောက်လာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ Group songလေးကိုနားထောင်ရင်း ကပ်ရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့အားတင်းထားရင်းတူတူဖြတ်သန်းကျော်လွှားနိုင်ကြပါစေလို့ ထပ်မံဆုမွန်ကောင်းတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : The Mask Singer Myanmar
Emily (Cele Gabar)




Some text some message..