စိုင်းစိုင်းကိုယ်တိုင်သဘောကျနေရတဲ့ UAB Bank ကရုံးဝန်ထမ်းတွေရိုက်ကူးထားတဲ့ ပိတောက်ကတဲ့ဂီတဇာတ်ဝင်ခန်းလေး
celegabar.com
|
2020-03-12



မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကိုရရှိထားတဲ့ စိုင်းစိုင်းကတော့ ဆယ်စုနှစ်နှစ်ခုစာလောက် အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ဂီတနယ်ပယ်တင်မှာတင်မကဘဲ သရုပ်ဆောင်၊စာရေးဆရာ အဖြစ်နဲ့လည်း သူရူးသွပ်တဲ့အနုပညာအလုပ်တွေကို တတ်စွမ်းသမျှချပြဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ဒါ့အပြင် စိုင်းစိုင်းကတော့ Sai Cosmetix ဆိုပြီးတော့လည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေပါသေးတယ်။




လတ်တလောမှာလည်း သူကိုယ်တိုင်သေချာအချိန်ပေးပြီး ကြိုးစားသရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်ပြသနေပြီး ပရိသတ်တွေရဲ့ချီးကျူးစကားဆိုခြင်းကို ရရှိထားပါသေးတယ်။ဒီဇာတ်ကားကတော့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိထားကာ ဒုတိယအပတ်အထိရုံတင်ပြသနေရပြီလည်း ဖြစ်ပါတယ်။မကြာခင်မှာ သင်္ကြန်ကာလကိုရောက်ရှိတော့မှာဖြစ်တဲ့အပြင် စိုင်းစိုင်းကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလည်းဖြစ်တာကြောင့် Official Trailer စပြီးမျှဝေလိုက်ကတည်းက ဟာသအနေနဲ့ပြန်လည်ရိုက်ကူးတဲ့သူတွေအပြင် Troll လုပ်ထားတဲ့ပုံတချို့ပါထွက်ရှိခဲ့ပြီး စိုင်းစိုင်းကိုယ်တိုင်လည်း သဘောကျခဲ့ရပါတယ်။ဒီတစ်ခေါက်မှာလည်း UAB Bank ရဲ့ပိတောက်ကတဲ့ဂီတနောက်ခံစကားပြောနဲ့ ရိုက်ကူးထားတဲ့ ချစ်စရာကောင်းတဲ့ ဗွီဒီယိုလေးကို“ကျနော်တို့ရုပ်ရှင်ကို ကုမ္ပဏီတွေ အဖွဲ့လိုက်တွေပါ ရုံလုံးပြတ်အားပေးကြတာသိရလို့ ဝမ်းသာကျေးဇူးတင်ရပါတယ်…UAB ကဆိုရင် ပြန်တောင်ရိုက်လိုက်သေးတယ်ခင်ဗျ…ချစ်ဖို့ကောင်းချက်” ဆိုပြီးရေးသားကာ မျှဝေပေးခဲ့ပါသေးတယ်။



UAB Bank ကဝန်ထမ်းတွေကတော့ UAB Staff Movie Day အတွက် ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားကို သွားရောက်ကြည့်ရှုဖို့ရွေးချယ်ထားတဲ့အပြင် ပျော်စရာအနေနဲ့လည်း ဗွီဒီယိုလေးလုပ်ကာ မျှဝေပေးခဲ့ပါတယ်။စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့လိုပဲ ရိုပြီးချစ်ဖို့ကောင်းနေတဲ့ UAB Bank ကဝန်ထမ်းလေးတွေရဲ့ ချစ်စဖွယ်ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source – Sai Sai Kham Leng, UAB Bank
Rainbow- Cele Gabar






Some text some message..