အလှဆုံး ဣတ္ထိယလေးတစ်ယောက်အတွက်သီဆိုထားတဲ့ ရာဝနရဲ့ ( offical Music MTV)
celegabar.com
|
2020-04-16



လူငယ်ပရိသတ်တွေအသည်းစွဲကြိုက်နှစ်သက်နေကြတဲ့ တေးသံရှင်ရာဝန ရဲ့ ကြယ်ကလေးသီချင်းက Joox ရဲ့ No (2) နေရာမှာ အချိန်အတော်ကြာရပ်တည်နေခဲ့ပြီးနောက်မှာတော့ နောက်ထပ် ပရိသတ်တွေအတွက် သီချင်းသစ်လေးတစ်ပုဒ် ကိုမျှဝေပေးလာခဲ့ပါတယ် ။ သီချင်းနာမည်လေးကိုတော့ အလှဆုံး ဣတ္ထိယ လို့ အမည်ပေးထားပြီး ချစ်စဖွယ် MTV လေးနဲ့အတူ ပရိသတ်တွေရှေ့ကိုရောက်လာခဲ့တာပါ ။






အလှဆုံး ဆိုတာ ကိုလူတွေက ဘယ်လိုပေတံတွေနဲ့တိုင်းတာကြလဲ မသိပေမယ့် တကယ်ချစ်တဲ့သူကတော့ နှလုံးသားနဲ့ တိုင်းတာတာပါတဲ့ ပရိသတ်ကြီးရေ ..။ ဒီသီချင်းလေးကတော့ ကိုယ့်ကောင်မလေးတွေကို ချစ်ခြင်းတွေ ခြွေယူပစ်နိုင်လောက်တဲ့ အမိုက်စားသီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ရာဝနကိုယ်တိုင်ရေးစပ်သီဆိုထားတာဖြစ်ပါတယ် ။ ရာဝနနဲ့ ရွှေရင်အေးတို့က ချစ်စဖွယ်သရုပ်ဆောင်ထားကြတာ ပရိသတ်တွေအ ကြိုက်တွေ့ကြမှာပါ ။ ပရိသတ်တွေကတော့ ယောက္ခမလိုက်လို့ထွက်ပြေးတဲ့ အခန်းကို အရမ်းကို သဘောကျနေကြပြီး စနောက်တဲ့မှတ်ချက်တွေရေးသားထားတာလည်းတွေ့ရပါတယ် ။






Cele Gabar ပရိသတ်ကြီးအတွက်လည်း အချိန်တိုအတွင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့အောင်မြင်လာခဲ့တဲ့ တေးသံရှင်ရာဝနရဲ့ အလှဆုံး ဣတ္ထိယ ဆိုတဲ့ အမိုက်စား သီချင်း MTV လေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ရာဝနရဲ့ ချစ်ပရိသတ်ကြီးရော ဒီသီချင်းလေးကို ကြိုက်ရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။


Source : V7 Entertainment
Emily (Cele Gabar)




Some text some message..