Joox မှာ နံပါတ်(၁)နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရာဝနရဲ့ “ကြယ်ကလေး” သီချင်း
celegabar.com
|
2020-04-20



လတ်တလော လူငယ်ပရိသတ်တွေကြားမှာ တော်တော်လေးနာမည်ကြီးနေခဲ့တဲ့ ရာဝနရဲ့ “ကြယ်ကလေး” သီချင်းကတော့ ဒီတစ်ပါတ်ရဲ့ Joox မှာ နံပါတ်(၁)နေရာကို ရရှိထားခဲ့ပြန်ပါပြီ။ရာဝနကတော့ ကိုယ်စွမ်းကိုယ်စနဲ့ ဝါသနာပါတဲ့ သီချင်းတွေကို သီဆိုပြီး အနုပညာလောကထဲကို ကိုယ့်ဒူးကိုယ်ချွန်ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။




ကြယ်ကလေး သီချင်းကတော့ သူ့ရဲ့ ပထမဆုံး တေးစီးရီးအယ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး မထင်မှတ်ထားလောက်အောင်ပဲ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ အဆိုတော်”ရာဝန”ရယ်လို့ အောင်မြင်လာစေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လို့တောင်ဆိုရမှာပါ။ ကြယ်ကလေး သီချင်းကတော့ ပြီးခဲ့တဲ့ အပတ်တွေကတည်းက Joox မှာ Top (3) စာရင်းကိုဝင်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာတော့ နံပါတ်(၁)နေရာကို အရယူထားတိုင်ခဲ့တာပဲဖြစ်ပါတယ်။




ထွက်ရှိလာချိန်ကတည်းကနေ အခုအချိန်အထိကို ပရိသတ်တွေ အားပေးမှုမလျော့သေးဘဲ လက်ရှိမှာ ပရိသတ်နားဆင်မှုအများဆုံးနဲ့ နံပါတ်(၁)နေရာကို ရရှိထားတာကြောင့် အဆိုတော်ရာဝနအတွက် အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်လို့တောင်ဆိုရမှာပါ။CeleGabar ပရိသတ်ကြီးတွေလည်း ရာဝနရဲ့ ကြယ်ကလေး သီချင်းကို ကြိုက်နှစ်သက်ကြလား ဖြေခဲ့ပေးပါဦးနော်။



Chilli – CeleGabar
Source – Joox Myanmar




Some text some message..