ပရိသတ်တွေအားလုံး အားကျချစ်ခင်နေကြတဲ့ မမ နဲ့မောင်စုံတွဲလေးဖြစ်တဲ့ နာမည်ကျော် မော်ဒယ်လ်မင်းသမီးလေး ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားမှာ ပြောစမှတ်ပါပဲနော် ။ အရမ်းကိုချစ်တတ်တဲ့ သားဂန်းကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ မမနဲ့ တွဲနေတယ်ဆိုပေမယ့် အမြဲတမ်းချစ်သူကောင်မလေးကို အလျှော့ပေးသည်းခံတတ်တဲ့ လူရိုးလူအေးကြီးဆိုကိုတော့ ပရိသတ်တွေအားလုံး သိပြီဖြစ်မှာပါနော် ။
သားဂန်းကလည်းအမြဲအလျှော့ပေးချစ်ပေးသလို ဘေဘီမောင်ကလဲ ချစ်သူသားဂန်းရဲ့ အချစ်တွေကို တန်ဖိုးထားတတ်တဲ့သူလေးပါ ။ ညီမဖြစ်သူ သံစဉ်မောင်ကတော့ မကြာသေးမီကမှ ချစ်သူဟောင်းနဲ့ပတ်သက်ပြီး လူသိရှင်ကြား ဖြစ်ခဲ့ရတဲ့ ပြဿနာတွေရှိခဲ့ပါတယ် ။ အဲဒီအတွက် ဘေဘီမောင်က အစ်မကြီး အမိရာဆိုတဲ့အတိုင်းညီမလေးကို မကြီးနာက Thar Gan ကိုဂန်းလို့လူမျိုးရှာတဲ့ သမီးကမရှာတတ်ဘူးမကြီးနာရယ် ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။ ဘေဘီမောင်ကတော့ ညီမလေး သံစဉ်မောင်ကို သူမလို သာယာတဲ့အချစ်ရေးလေးကို တည်ဆောက်ပြီး ချစ်တတ်တဲ့ အမျိုးသားလေးတစ်ယောက်နဲ့ ဆုံစည်းစေချင်ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။
သံစဉ်မောင်ရဲ့ ချစ်ပရိသတ်တွေကတော့ လူရော စိတ်ရောလှတဲ့သံစဉ်မောင်လေး ဒီလိုလူမျိုးနဲ့ တစ်နေ့တွေ့ရမှာပါ ဆိုတဲ့ အားပေးစကားလေးတွေ ရေးသားပေးထားကြတာတွေ့ရပါတယ် ။ သံစဉ်မောင်တစ်ယောက် မမ ဘေဘီမောင်လို အရမ်းချစ်တတ်ပြီး နားလည်မှုတွေအများကြီးပေးတဲ့ သူမျိုးနဲ့ ဆုံစည်းပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Than Sin Maung
Emily (Cele Gabar)