Joox မှာ Top-10 စာရင်းဝင်ခဲ့တဲ့ ရာဝနရဲ့ ကြယ်ကလေး သီချင်း
celegabar.com
|
2020-03-29



လတ်တလောလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရာဝနရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားမှာအတော်လေးရေပန်းစား အောင်မြင်နေတာပဲဖြစ်ပါတယ် ။ ကိုယ်တိုင်ရေး၊ဆို၊ထုတ်လုပ်သူအနေနဲ့ ပထမဆုံးထွက်ရှိတဲ့ “Answer´´ တေးအယ်လ်ဘမ်ပရိုးမိုးရှင်း ပွဲမှာ လူပေါင်းထောင်ချီ လာရောက်အားပေးခြင်းခံခဲ့ရတဲ့အတွက် အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်လို့ဆိုရမှာပါ ..။






Answer ခွေထဲက သီချင်းတော်တော်များများဟာ Tik Tok မှာလဲအောင်မြင်သလို လူငယ် ပရိသတ်တွေ တော်တော်လေးအကြိုက်တွေ့ကြတယ်လို့ ဆိုရမှာပါ .။ Answer ခွေထဲက ကြယ်ကလေး ဆိုတဲ့ သီချင်းကတော့ ပရိသတ်တွေကြားမှာ အပေါက်ဆုံးနဲ့ ပရိသတ်ခံစားချက်နဲ့ ထပ်တူအကျဆုံးသီချင်းဖြစ်ခဲ့သလို Joox မှာ Top-10 စာရင်းဝင်ခဲ့ပါတယ် ပရိသတ်ကြီးရေ..။ ရာဝနကတော့ အချိန်တိုလေးအတွင်းမှာ အရှိန်ဟုန်ပြင်းပြင်းနဲ့ အောင်မြင်လာခဲ့တဲ့ လူငယ်တေးသံရှင်တစ်ယောက်ဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေကလည်း ထုနဲ့ထေးပါပဲနော် ..။






ဖန်တွေရဲ့ အားပေးမှုကြောင် အချိန်တိုအတွင်း အောင်မြင်လာခဲ့သလို Joox မှာလည်း Top10 ချိတ်ခဲ့တဲ့ ရာဝန အတွက် Cele Gabar ကလည်း ထပ်တူ ထပ်မျှဂုဏ်ယူဝမ်းမြောက်ပါတယ်နော် .။ ရာဝနကို ချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးရော ကြယ်ကလေး သီချင်းကို ကြိုက်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် .။


Source : Yar Wanna
Emily (Cele Gabar)




Some text some message..