ဖြိုးရာဇာနိုင်ကတော့ ” မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲမှာမောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ်တွေအားပေးဝန်းရံခဲ့ကြတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလည်းဖြစ်ပါတယ်။ MRTV-4 မင်းသားတွေထဲမှာ ဖြိုးရာဇာနိုင်ကလည်း ပရိသတ်တွေ အတော်အတန် အားပေးကြတဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ ။
လတ်တလောမှာတော့ ဖြိုးရာဇာနိုင်တစ်ယောက် ရွှေဘိုမြို့ကိုရောက်ရှိနေပြီး ရွှေဘိုရောက်နေတုန်း ရွှေဘိုမှာ မာလာရှမ်းကောရောင်းရင်အားပေးကြမှာလား Acc ထဲမှာရွှေဘိုကလူတွေများလားကိုကြီးကိုယ်တိုင်ချက်မှာနော် ဆိုတဲ့စာသားလေးနဲ့အတူ ရွှေဘိုမြို့မှာကိုယ်တိုင်ချက်ထားတဲ့ မာလာရှမ်းကော ရောင်းဖို့အတွက် ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ် ။ မာလာရှမ်းကောကို တစ်ပွဲ (၅၀၀၀) နဲ့ပို့ခ မယူဘဲ ရွှေဘိုမြို့အတွင်းလိုက်လံပို့ဆောင်ရောင်းချနေပြီဖြစ်ပါတယ် ။ ရွှေဘိုမှာ မရှိတဲ့ ပရိသတ်တွေကတော့ ဖြိုးရာဇာနိုင်ရဲ့ လက်ရာ မာလာရှမ်းကောလေးကို အရမ်းကိုစားချင်နေကြတာပါနော် ။
ပရိသတ်တွေကလည်း သူ့ရဲ့မာလာရှမ်းကော လေးကိုစားချင်လို့ ရွှေဘိုမြို့ကိုပြောင်းချင်နေပြီဆိုတဲ့ မှတ်ချက်လေးတွေ ပေးထားကြပြီး မှာစားပြီးတဲ့သူတွေကတော့ အရမ်းကိုစားကောင်းတယ်လို့ မှတ်ချက်လေးတွေပေးထားကြပါတယ် ။ ရွှေဘိုမြို့မှာရှိနေတဲ့ ဖြိုးရာဇာနိုင်ရဲ့ ချစ်ပရိသတ်ကြီးကလည်း ကိုကြီးကိုယ်တိုင်ချက်ထားတဲ့မာလာရှမ်းကောလေးကို အားပေးချင်တယ်ဆိုရင် ဖုန်းနံပါတ် 09770947951 ကိုဆက်သွယ်မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် ။
Source : Phyo Yarzar Naing
Emily (Cele Gabar)