ကြွေလွင့်သွားပြီဖြစ်တဲ့ Bollywood မင်းသားကြီး Irrfan Khan
moda.com.mm
|
2020-04-29
၂၀၂၀ ရဲ့ နှစ်ဦးပိုင်းကတော့ တစ်ကမ္ဘာလုံးကို ဝမ်းနည်းပူဆွေးမှုတွေပေးပြီး အခုလည်း ပြန်မရတော့မယ့် အနုပညာကြယ်ပွင့်တစ်ပွင့်ကို ခြွေခဲ့ပြန်ပါပြီ။ Bollywood မှာတင်မက Hollywood ရုပ်ရှင်လောကအထိပါ အောင်မြင်တဲ့ မင်းသားကြီး Irrfan Khan ကဒီနေ့ပဲ မွန်ဘိုင်းမြို့ကဆေးရုံမှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ထိုကင်ဆာဝေဒနာကို ၂၀၁၈ တည်းက ကုသမှုခံယူနေခဲ့တာဖြစ်ပြီး ၂၀၁၉ မှာလည်းကုသနေရင်းနဲ့ Angrezi Medium ကိုရိုက်ကူးခဲ့သူပါ။ သရုပ်ဆောင်လောကမှာ နှစ်ပေါင်း ၃၀ လောက်ကျင်လည်လာခဲ့တဲ့ Irrfan Khan ကသူသေဆုံးချိန်မှာ အသက် ၅၄ နှစ်ပဲရှိပါသေးတယ်။ Khan က သရုပ်ဆောင်တဲ့နေရာမှာ သူများထက်သာတာက သူ့ကို Leading Role ပေးမှမဟုတ်ပဲ ဇာတ်ပို့ပဲဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ်၊ ဇာတ်ဝင်ခန်းနည်းနည်း ကျရာ Character ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာမို့ အိန္ဒိယရုပ်ရှင်လောကမှာတင်မကပဲ နိုင်ငံတကာအထိပါ အောင်မြင်တဲ့ မင်းသားကြီးတစ်ဦးပါ။
Irrfan Khan ကို Hindi Medium ၊ Blackmail ၊ Lunchbox ၊ Piku Talvar ၊ Paan Singh ရုပ်ရှင်တွေနဲ့ လူသိများခံသလို နာမည်ကျော် Hollywood ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ The Amazing Spiderman ၊ Jurassic World ၊ Inferno ၊ Slumdog Millionare ၊ Life of Pi ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရည်ကို အဓိကမထားပဲ ပီပြင်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ သဘာဝမင်းသားကြီး Irrfan Khan ကတော့ အဆိုးတွေပြည့်နှက်နေတဲ့ ၂၀၂၀ ခုနှစ်မှာ အားလုံးကို ထာဝရနှုတ်ဆက်သွားပြန်ပါပြီ။ ဒါပေမယ့်သူ့ရဲ့ ရုပ်ရှင်ကားတွေမှာ ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေနဲ့ Memories တွေကတော့ ကျွန်ုပ်တို့နှလုံးသားထဲမှာ အမြဲရှင်သန်နေဦးမှာပါ။ သူရဲ့ Inspirational Quotes လေးတွေနဲ့အတူ စိတ်မကောင်းစွာနဲ့ပဲ Khan ကိုနှုတ်ဆက်လိုက်ရပါတယ်။
#မင်းသားကြီး
#သရုပ်ဆောင်
#ရုပ်ရှင်
#လောက
#ဗီလိန်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်