ပိတောက်တွေလိုသစ္စာရှိတဲ့အချစ်မျိုးလိုချင်တဲ့အကြောင်း ဖွင့်ဟလာတဲ့ ပိုးကြာဖြူခင်
celegabar.com
|
2020-04-30


မြန်မာဆန်ဆန်အလှတွေကို ပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသူတစ်ယောက်ပါ။ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးပြီး ပရိသတ်တွေကဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြသူလေးပါ။
ပရိသတ်တွေကတော့ သူ့ရဲ့အချစ်ရေးကိုစိတ်ဝင်စားနေကြတာဖြစ်ပြီး အချစ်ရေးအတွက်အချိန်မပေးသေးဘူးလို့ဆိုထားတာပါ။




အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတဲ့ ဆိုင်းမိုင်ကတော့ “ပိတောက်တွေကိုချစ်တယ်။ ပိတောက်တွေကိုမြင်ရင် ပျော်တယ်။ ပိတောက်ပန်းတွေလို သစ္စာရှိတဲ့ အချစ်မျိုးနဲ့ပဲ အချစ်ခံချင်ပါတယ်” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။ ဆိုင်းမိုင်ကတော့ ပိတောက်ပန်းလေးတွေနဲ့အတူရိုက်ထားတဲ့ပုံလေးတွေကိုလည်း ပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။





ပိတောက်ပန်းကတော့ ဘယ်လောက်ပဲအချိန်ကြာကြာ မိုးနဲ့တွေ့မှသာဖူးပွင့်တာကြောင့် သစ္စာရှိတဲ့အချစ်မျိုးနဲ့ခိုင်းနှိုင်းပြောဆိုကြတာပါ။ အခုဆိုရင် မိုးတွေရွာလိုက်တာကြောင့် ပိတောက်တွေကတော့ ပွင့်လန်းလာခဲ့ပါပြီ။ အချစ်ရေးအတွက်အချိန်မပေးအားတဲ့မင်းသမီးချောလေးကတော့ လိုချင်တဲ့အချစ်မျိုးကို ပိတောက်နဲ့တင်စားလိုက်ပါပြီနော်..
Source : PoeKyarPhyuKhin




Some text some message..