နာမည်မှာ “မေ”ပါသလို ဒီနေ့ မေလ(၂)ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ အမျိုးသမီး အနုပညာရှင် (၃)ဦး
celegabar.com
|
2020-05-02



ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ဒီနေ့ မေလ(၂)ရက်နေ့လေးမှာတော့ မွေးနေ့ကျရောက်တဲ့ အနုပညာရှင်တွေရှိပါတယ်။ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ အနုပညာရှင်တွေထဲမှာမှတိုက်တိုက်ဆိုင်ဆိုင်ဆိုသလို နာမည်မှာလည်း “မေ”ပါဝင်နေတဲ့ အမျိုးသမီးအနုပညာရှင်(၃)ယောက်လည်းပါဝင်နေပါတယ်။သူတို့(၃)ယောက်ကတော့


(၁)မခေလာ
မေခလာကတော့ လွန်ခဲ့တဲ့ (၁၀)စုနှစ်တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးချစ်ခင်မှုကို ရှိထားတဲ့ သရုပ်ဆောင် အဆိုတော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကိုလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး အောင်မြင်တဲ့ပရိသတ်အချစ်တော်တစ်ယောက်အနေနဲ့ ရပ်တည်နေစဲဖြစ်ပါတယ်။



(၂)မေ
မေကလည်း အဆိုတော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးချစ်ခင်နေတဲ့ သူတစ်ယောက်ပါ။ ချိုသာတဲ့ အသံနဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့် ပုရိသတွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့အပြင် အမျိုးသမီးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါရရှိထားတဲ့ အနုပညာရှင်တဟ၏စ်ယောက်ပါ။



(၃) မေဂရေ့ ပယ်ရီ
နိုင်ငံခြားသူတစ်ယောက်လို မျက်နှာပေါက်နဲ့ လှပပြီးပြေပြစ်လှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင် မေဂရေ့ကလည်း ဒီနေ့ မေလ(၂)ရက်နေ့မှာ မွေးနေကကျရောက်တဲ့ မွေးနေ့ရှင်တစ်ယောက်ပဲဖြစ်ပါတယ်။




CeleGabar ပရိသတ်ကြီးရေ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် မွေးနေ့ရှင်တွေအတွက်မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Photo Credit – May KhaLar, Candy May, May Grace




Some text some message..