ပရိသတ်ကြီးရေ ဒီနေ့ မတ်လ(၂)ရက်နေ့လေးကတော့ ပရိတ်သတ်အချစ်တော် အပျိုကြီးမမ မအေးသောင်းရဲ့ဖခင် အသက် (၅၇)နှစ်ပြည့်မြောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ ဖခင်ရဲ့ မွေးနေ့ရက်လေးအတွက်ကို ချစ်စရာကောင်းတဲ့ ဖခင်ရဲ့ အပြုအမှုလေးတွေကို ဖော်ပြရင်းမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
မအေးသောင်းက “Happy Birthday ဖေကြီး။ အဖေလိုအဖေမျိုးပိုင်ဆိုင်ရတဲ့ သမီးက ကမ္ဘာပေါ်မှာကံအကောင်းဆုံးပါပဲ။ အမြဲပျော်ရွှင်ရတယ် ဟာသတွေပြောတတ်တယ် ဓာတ်ပုံလေးတွေအမြဲရိုက်ပေးတယ်။ ဘယ်သွားသွားလိုက်စောင့်ရှောက်ပေးတဲ့ ဖေကြီး။”လို့ဆိုကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ ဖခင်နဲ့ သူ့ရဲ့ ကြားမှာရှိတဲ့ အမှတ်တရလေးတွေကိုလည်း မျှဝေဖော်ပြထားပါသေးတယ်။
ဒါ့အပြင် “အသက် (၅၇) မှ စပြီးနှစ်ပေါင်းရာကျော်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနားမှာအတူတူအမြဲနေနိုင်ပါစေ ဖေကြီး။ ချစ်တယ်။”လို့လည်း မွေးနေ့ဆုတောင်းစကားဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်းရဲ့ ဖခင်ဖြစ်သူ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားတွေပြောခဲ့ပေးပါဦး။
Chilli – CeleGabar
Source – Aye Thaung