ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်သွားတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မိခင်
celegabar.com
|
2020-05-03



သရုပ်ဆောင် ဆုမြတ်နိုးဦးကတော့ မျက်နှာဖူးဖူးလေးနဲ့ ချစ်စဖွယ်ကောင်းတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပါ ။ ပရိသတ်တွေကပါအားကျရတဲ့ သူငယ်ချင်းဆက်ဆံရေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ကျော်ကျော်၊ ညီထွဠ်ခေါင်၊ ဆုမြတ်နိုးဦးတို့ (၃) ယောက်ဟာ အမြဲလိုလို ပျော်ရွှင်ရယ်မောနေကြတဲ့ သူတွေပါ ။ သူငယ်ချင်း (၃) ယောက်ပေါင်းပြီး N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ပေ့ခ်ျလေးထောင်ထားပြီး သူတို့သုံးဦးရဲ့ဟာသလေးတွေကို အမြဲလိုလိုမျှဝေပေးနေကြ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။






ဒီနေ့ မေလ (၃) ရက်နေ့ ကတော့ အမြဲပျော်ပျော်နေတတ်တဲ့ ဆုမြတ်နိုးဦး ရဲ့ ဝမ်းနည်းစရာအကောင်းဆုံးနေ့ရက်လေးဖြစ်လာခဲ့ပါပြီ ။ ဒီနေ့မှာ သရုပ်ဆောင်ဆုမြတ်နိုးဦးရဲ့မိခင်ဟာ ဦးနှောက်သွေးကြောပေါက်ပီး ကွယ်လွန်သွားတယ်လို့သိရှိရပါတယ် ။ အနုပညာရှင်တော်တော်များများကလည်း သူမရဲ့ မိခင်အတွက် ဝမ်းနည်းကြောင်း စာလေးတွေ ရေးသားထားကြပါသေးတယ် ။ သရုပ်ဆောင် ချောရတနာကလည်း သူမမိခင် ဆုံးပါးသွားစဉ်က ဆုမြတ်နိုးဦးရဲ့ မိခင်ကိုယ်တိုင်လာရောက်အားပေးစကားပြောခဲ့တာဖြစ်တဲ့အတွက် အလွန်ဝမ်းနည်းရကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကမှာရေးသားထားပါတယ် ။





မကြာသေးမီကမှ ဆုမြတ်နိုးဦးတစ်ယောက် မိခင်ဖြစ်သူ လေဖြန်းသွားတဲ့အကြောင်းကို သူမရဲ့ my day မှာတင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ စိတ်မကောင်းစွာဘဲ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ် ။ အန်တီကောင်းရာ မွန်ရာရောက်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ပရိသတ်ကြီးလည်း ဆုမြတ်နိုးဦးအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။


Source : Kyaw Kyaw
Emily (Cele Gabar)




Some text some message..