အနုပညာသက်တမ်းတစ်လျှောက် အမှတ်တရတစ်ခုဖြစ်တဲ့ Kit Fan Meeting 2019 ပွဲနေ့လေးကို အောက်မေ့သတိရနေတဲ့ ဝတ်မှုန်ရွှေရည်
celegabar.com
|
2020-05-04



အသက်နဲ့မလိုက်အောင်နုပျိုလွန်းတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးချော ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်အခိုင်အမာနဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ မင်းသမီးတွေထဲက တစ်လက် အပါအဝင်ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ကတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ တွေ့ဆုံပွဲလေးကျင်းပက ပျော်ရွှင်စရာအစီအစဉ်တွေအပြင် အလှူတွေများစွာပြုလုပ်ခဲ့ပါသေးတယ်။




ဝတ်မှုန်ရွှေရည်ကတော့ ဖြတ်သန်းလာခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက် အမှတ်တရတစ်ခုဖြစ်တဲ့ Kit Fan Meeting 2019 ပွဲနေ့လေးကို အောက်မေ့သတိရနေတဲ့ အကြောင်းကို “‘ဒီနေ့တော့ ကစ်ရဲ့အနုပညာသက်တမ်းအတွက်နောက်ထပ်အမှတ်တရတခု လို့ သတ်မှတ်လို့ရတဲ့ Kit Fan Meeting 2019 ကပုံလေးတွေကို အမှတ်တရအဖြစ်တင်ပေးလိုက်ပါတယ်နော်။ တကယ်ကို KFC တွေနဲ့အချိန်တွေအကြာကြီးတွေ့ ပြီးပျော်ခဲ့ရတဲ့ နေ့လေးမို့ ကစ်ကော KFC လေးတွေအတွက် အမှတ်တရပါ။ပွဲမှာ အန်တီ ဒေါ်ခင်ကြည် foundation, အမေများအဖွဲ့အတွက် ပဒေသာပင်အလှူ, မိဘမဲ့ကလေးများအတွက် အလှူငွေများလည်းလှူဒါန်းနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိပါတယ် ။ ဝိုင်းဝန်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဖက်လုပ်ငန်းရှင်တွေ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပွဲနေ့က အမှတ်တရပုံရိပ်လေးတွေကို တင်ထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေကို အမြဲတန်ဖိုးထား ချစ်မြတ်နိုးလေ့ရှိတဲ့ နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ချစ်ရတဲ့ KFCလေးတွေနဲ့အတူ အချိန်တွေအကြာကြီးတွေ့ ပြီးပျော်ခဲ့ရတဲ့ နေ့လေးမို့ ကစ်ကော KFC လေးတွေအတွက် အမှတ်တရပါပဲတဲ့။



Source: Wutt Hmone Shwe Yi
DarDar-CeleGabar




Some text some message..