လတ်တလောမြန်မာနိုင်ငံက ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ကိုရီးယား စီးရီးတွဲ တစ်ခုကတော့ ဂူဂျွန်ဖြိုးလို့ ပရိသတ်တွေ သိခဲ့ကြတဲ့ F4 မင်းသားတစ်ယောက်ဖြစ်တဲ့ လီမင်ဟို ရဲ့ The King ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ် ။ အပြိုင်စင်္ကြဝဠာထဲက ကမ္ဘာနှစ်ခုမှာ ရှင်သန်ရင်း ဖြစ်ပျက်လာတာတွေကိုစိတ်ကူးယဉ် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတာပါ ။
The King ကားကို အားပေးကြတဲ့ ပရိသတ်တွေထဲမှာ မြန်မာနိုင်ငံက အနုပညာရှင်မင်းသမီးချောလေးတွေလည်း ပါဝင်နေသလို လီမင်ဟိုကို အသည်းစွဲ သဘောကျနေတဲ့ မင်းသမီးတွေလည်း အများအပြားပါပဲ ။ လက်ရှိမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ပန်ကိတ်ဒါဒါလေးက သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ” ပုံတွေရိုက်ပြီးပြီ တင်ဖို့ပဲကျန်တယ်ဆိုတော့မျက်စိနောက်ရင် Lee Min Ho (ဖယ်ရာ) ရဲ့ ချစ်သူလို့စိတ်ထဲမှတ်ပြီး သည်းခံနော ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။
ပန်ကိတ်ချစ်ရတဲ့မိန်းကလေးဖန်တွေကတော့ ပန်ကိတ်နဲ့အတူ လီမင်ဟို ( ဖယ်ရာ ) ကို စနောက်ပြီး လုနေကြပါသေးတယ် ။ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ လီမင်ဟိုကတော့ ပန်ကိတ်ဒါဒါလေးကိုလည်း ဖမ်းစားလိုက်နိုင်ပြီထင်ပါတယ်ပရိသတ်ကြီးရေ..။ ပန်ကိတ်ရဲ့ Cele Gabar ပရိသတ်ကြီးထဲမှာရော ဘုရင်ကြီးကို ကြိုက်တဲ့ ပရိသတ်တွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Ya Min Oo
Emily (Cele Gabar)