အမာခံဖန်တစ်ယောက်က သူမနာမည်နဲ့ Covid-19 အတွက်လှူဒါန်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့တဲ့ နေခြည်ရွန်းလက်
celegabar.com
|
2020-05-05



ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာသူလေးကတော့ နေခြည်ရွှန်းလက်ပါ ။ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလေးဖြစ်ပြီး ဆံနွယ်ရှည်ရှည်လေးနဲ့ နန်းဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေ အရူးအမူးကြွေနေရတဲ့ မင်းသမီးလေးလို့ဆိုရမှာပါ ။






အခြည်လို့ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ရတဲ့ နေခြည်ရွှန်းလက်ကို ချစ်ကြတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ အများအပြားပါပဲ ။ ဖန်တွေရဲ့ချစ်ခင်အားပေးမှု အပြည့်အဝရရှိထားတဲ့ အခြည်လေးအတွက် ဒီနေ့မှာ သူမကိုချစ်တဲ့ ဖန်တစ်ယောက်က အခြည်နာမည်နဲ့ Myanmar Covid-19 Response Center မှာ အလှူငွေ (၅) သောင်းကျပ်တိတိလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ် ။ အခြည်လေးကတော့ သူမအတွက်လှူဒါန်းပေးခဲ့တဲ့ ဖန်ကို Chat Box ကနေတဆင့် ကျေးဇူးတင်စကားဆိုပြီး သူမရဲ့မိုင်ဒေးကနေတဆင့် ပရီသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။






အခုဆိုရင် ဆံနွယ်ရှည်ရှည်လေးတွေနဲ့ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းတဲ့ အခြည်လေးကို ချစ်ခင်အားပေးပြီး ဝန်းရံနေကြတဲ့ ပရိသတ်တွေ အများအပြားရှိနေပါပြီ ။ အခြည်အတွက်လှူဒါန်းပေးတဲ့ ဖန်တွေနဲ့အတူ အခြည်လည်း ကုသိုလ်တွေအများကြီးရပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။


Source : Nay Chi Shoon Lak
Emily ( Cele Gabar)




Some text some message..